စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ
ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက
ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ ငြိမ်းချမ်းရေး
ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို ဆွေးနွေးမှုပြုလုပ်
ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန်
ရည်ရွယ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး
ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။