
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ် မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။