တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် ဇာတ်တိုက် လေ့ကျင့်နေမှု ကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်
နှစ်စဉ် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်
အများဆုံး လာရောက်လည်ပတ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင်
မီးပုံးပွဲတော်တွင် ဗုံးပေါက်ကွဲမှု များနှင့် ထိတ်လန့်မှုများ မဖြစ်ပွားစေရန်
လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ကြိုတင်လေ့ကျင်မှုများနှင့် CCTV
ကင်မရာ ၄၁ လုံးကို တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ဝင်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။