ရန်ကုန်၊ စက်တင်ဘာ ၁၅
မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ် သည့် ပျူ မြို့
ဟောင်းများ ကို ၂၀၁၄ ဇွန်၊ ဇူလိုင်လတွင် UNESCO မှဦးစီး ကျင်းပမည့် ကမ္ဘာ့
ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်း အဝေးတွင် ဆွေးနွေး
ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း စက်တင်ဘာ ၁၅ ရက် နေ့တွင် ကျင်းပသော ယဉ်ကျေးမှု
အမွေအနှစ် စာရင်း တင်သွင်းရေး အတွက် ကြီးကြပ် ညှိုနိ
ှုင်းရေး အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း၊
သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရန်
ရေးသားထားသော မူကြမ်းကို ညှိုနှိုင်း စီစစ် အတည် ပြုနိုင် ရန်၊ ယဉ်ကျေးမှု
ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးစီးသော ပြည် တွင်း၊ ပြည်ပမှ
ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များက လိုအပ် သည် များကို
ပြင်ဆင်တည်းဖြတ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်းပြည် ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက ထပ်လောင်း ပြောကြားသည်။