၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေ အတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။
Monday, May 18, 2015
ကိုးကန့်တိုက်ပွဲအတွင်း ဖမ်းမိသည့် တရုတ် အမျိုးသား သုံးဦးကို တရုတ်အစိုးရသို့ ပြန်လွှဲပေးမည်
ပွိုင့် ၂၂၀၂ တောင်ကုန်း အနီး မေလ ၁၂ ရက်ကဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် တရုတ်အမျိုး သားသုံးဦးဖမ်းဆီးနိုင်ခဲ့ပြီး တရုတ် အစိုးရသို့ ပြန်လွှဲပေးမည်ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
ကိုးကန့်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို အစိုးရတပ် မတော်က သိမ်းပိုက်နိုင်ရန် ထိုး စစ်ဆင်နေပြီး မေလ ၁၂ ရက်က တိုက်ပွဲဖြစ်စဉ်တွင် တရုတ်လူမျိုး အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီကပင် စတင်ခဲ့သည့် တိုက်ပွဲကာလအတွင်း တရုတ် နိုင်ငံသားများကို မူးယစ်ဆေးမှု၊ လောင်းကစားမှုတို့ဖြင့် ဖမ်းမိခဲ့ ခြင်းများရှိခဲ့သော်လည်း ယခုမူ တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းမိခဲ့ ခြင်းဖြစ်၍ ထူးခြားမှုရှိနေကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင်လွှဲပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲအရာရှိကြီးတစ်ဦးက ပြော သည်။

စုနိုင်မှ ဖြုတ်မည်
မေလ (၁၅) ရက်နေ့ သောကြောနေ့က အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ် အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါ့ကြောင့် ၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က သမ္မတ ဘီလ်ကလင်တန် ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုကိုလည်း နောက်ထပ် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။
ပွိုင့် ၂၂၀၂ အောင်ပွဲ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အခုဆိုရင် ကစဥ့် ကလျားထွက် ပြေးနေရပါပြီ။ လောက်ကိုင်အပါအ၀င် ဒေသတစ်ခုလုံးကို စစ်မီးတောက်လောင်စေခဲ့တဲ့ ကိုးကန့် သောင်းကျန်းသူအဖွဲ့ ထွက်ပြေးသွားရတဲ့သတင်းက ကျွန်တော်တို့ ပြည်သူတွေအတွက် ၀မ်းသာစရာသတင်း ဖြစ်ပါတယ်။ ဒေသခံကိုးကန့် တိုင်းရင်းသားတွေအတွက်ကတော့ အဲဒီအဖွဲ့ထွက်ပြေးသွားတာဟာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို အပျော်မျိုးဖြစ်လို့နေ ပြန်ပါတယ်။
ပါလက်စတိုင်းခေါင်းဆောင်ကို ပုပ်ရဟန်းမင်းကြီး ချီးကျူး

ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ စနေနေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။ ပါလက်စတိုင်းတွေနဲ့ ပထမဆုံး သဘောတူစာချုပ်တခုကို သိပ်မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင် နေတယ်လို့ ဗာတီကန်နန်းတော်က ကြေညာအပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလိုတွေ့ဆုံတာပါ။
Subscribe to:
Posts (Atom)