
မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅
မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ်
အုပ်စုပွဲစဉ်(၄)အဖြစ် သွားရောက်ကစား ရမည်ဖြစ်သည်။ မန်ယူနိုက်တက်သည်
ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်
ရယူနိုင် ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည်
ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာ လေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊
ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့်
ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။