![]() |
Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြို့ တွင်ဖမ်းဆီးရမိ ခဲ့သော မြန်မာငွေ စက္ကူအတုများ ထုတ်လုပ်ရာ တွင်အသုံးပြုခဲ့သောပုံနိပ်စက်များ |
တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူ အတုပြုလုပ်သည့် စက်(၇)လုံး ၊ မြန်မာငွေ အတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိသည်။