Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, March 30, 2016

သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော်

သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သည့် တပ်မတော် 
ကျွန်ုပ်တို့၏ တပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က ရဲဘော်သုံးကျိပ် ရွတ်ဆိုခဲ့သော သစ္စာမှာ ''ဗမာ့လွတ်လပ်ရေးကို မရမချင်း အသက်ပင် သေ သေ အရေပင်ခန်းခန်း မခွဲတမ်း မခွာတမ်း လုံးပန်းတိုက်ခိုက်ကြ မည်'' ဟူ၍ဖြစ်သည်။ ဤသို့ သစ္စာမဆိုမီ ရဲဘော်သုံးကျိပ်တို့က မိမိတို့၏ လက်မောင်းသွေးများကို ဖောက်ကာ စုပေါင်း သစ္စာဆိုပြီးနောက် သွေးသစ္စာ ရေသောက်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တပ်မတော်သည် သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သော တပ်မတော်ဖြစ်သည်။ လက်မောင်း သွေးဖောက်၍ သစ္စာဆိုပြီး သွေးသစ္စာ ရေသောက်ခြင်း သည် မြန်မာ့သူရဲကောင်းတို့၏ လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ထပ်ဆင့်၍ ဆိုရပါက ကျွန်ုပ်တို့ တပ်မတော်သည် မြန်မာ့သူရဲကောင်းတို့၏ ထုံးကိုနှလုံးမူ၍ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။







သစ္စာလက်နက်ကို အစဉ်စွဲကိုင်ထားသည့် တပ်မတော်
သစ္စာတရားသည် တန်ခိုးအကြီးမားဆုံးသော အရာဖြစ်သည်။ အောင်မြင်မှုကို ရယူပေးနိုင် သော အရာဖြစ်သည်။ ''ကတိသစ္စာ တည်သောခါဝယ် သြဇာလေး နက် ပေါ်ဆီ တက်၍ နွယ် မြက်သစ်ပင် ဆေးဖက်ဝင်သည်'' ဟူ၍ပင် အဆိုရှိသည်။ ခေတ်အမီဆုံး၊ စွမ်းအားအပြင်းထန် ဆုံးသော လက်နက်များထက်ပင် သစ္စာလက်နက်သည် ပို၍ စွမ်းအားပြင်းထန်သည်။ အောင် မြင်မှုကို ရယူပေးနိုင်သည်။ တပ်မတော် တစ်ရပ်သည် မည်မျှပင် ခေတ်မီသော၊ စွမ်းအားပြင်း ထန်သော လက်နက်များ တပ်ဆင်ပေးထားစေကာမူ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာတရား၊ မိမိ တို့ အချင်းချင်းအပေါ် သစ္စာတရား ကင်းမဲ့နေပါက စစ်ပွဲကို ရှုံးရမည်သာဖြစ်သည်။ ထို့အတူ တပ်မတော် တစ်ရပ်သည် ခေတ်မမီသော လက်နက်များကို ကိုင်ဆောင်ထားစေကာမူ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာတရား၊ မိမိတို့ အချင်းချင်းအပေါ် သစ္စာတရား ကြီးမားနေပါက စစ်ပွဲကို အောင်နိုင်ရမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲ၏ အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေး သော အရာမှာ စစ်လက်နက်၏ ခေတ်မီမှုက အဓိကမဟုတ်၊ တိုက်ပွဲဝင်စစ်သည်များ၏ သစ္စာ တရား ကြီးမားမှုကသာ အဓိကဖြစ်သည်ဟု ဆိုနိုင်သည်။ ကျွန်ုပ်တို့၏ တပ်မတော်သည် တိုက်ပွဲအောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် စွမ်းအား အထက်မြက်ဆုံးသော သစ္စာ လက် နက် လေးမျိုးကို ကိုင်ဆောင်ထားသည်။ ယင်းသစ္စာလက်နက် လေးမျိုးမှာ ''ငါတို့သည် နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊ ''ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊''ငါ့အား အထက်မှပေးအပ်သော အမိန့် နှင့်တာဝန် ကို ကျေပွန်အောင်ထမ်းဆောင်ပါမည်''၊ ''ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော် အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဟူ၍ဖြစ်သည်။ ဤစွမ်း အား ပြင်းထန် လှသော သစ္စာလက်နက် လေးမျိုးဖြင့် ကျွန်ုပ်တို့၏ တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၏ ရန်သူ အပေါင်းအပေါ် တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာ ရရှိခဲ့သည်။ ဤသစ္စာ လက်နက်လေးမျိုးဖြင့် ပင် နိုင်ငံ၊ လူမျိုးနှင့် တပ်မတော်၏ ဂုဏ်ရောင်ထွန်းပြောင်သော သမိုင်းကို ရေးခဲ့သည်။
နိုင်ငံနှင့် လူမျိုးအပေါ် ပေးဆပ်လိုသည့် တပ်မတော်
လောက၌ လူ နှစ်မျိုး နှစ်စားရှိသည်။ ပထမတစ်မျိုးမှာ လောက ကောင်းကျိုးအတွက် မိမိဘဝ ကိုပေးဆပ်သူ၊ စတေးသူဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မိမိဘဝ ကောင်းကျိုး အတွက် လောက ကို ပေးဆပ်စေသူ၊ စတေးစေသူဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးကောင်းကျိုး အတွက် မိမိ၏ဘဝကို ပေးဆပ်သည့်၊ စတေးသည့် အဖွဲ့အစည်းဖြစ်သည်။ မိမိကောင်းကျိုး အတွက် နိုင်ငံနှင့်လူမျိုးကို စတေးသည့် အဖွဲ့အစည်းမဟုတ်ချေ။ နိုင်ငံနှင့်လူမျိုး၏ ကောင်း ကျိုးအတွက် လိုအပ်သည့်စွန့်စားမှုမှန် သမျှကို ရဲဝံ့စွာပြုလုပ်ခဲ့သည်။ စွန့်လွှတ်မှုမှန်သမျှကို ဂုဏ်ယူစွာပြုလုပ်ခဲ့သည်။ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ်မှစတင်၍ ယခုနှစ် ၂ဝ၁၆ ခုနှစ်အထိ နှစ်ပေါင်း ၇၅ နှစ်အတွင်း နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သော ကျဆုံးစစ်သည်များ၏ အရေအတွက်ကား ရာထောင်သောင်းမက ရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး မသန်မစွမ်းဘဝကို ခံယူသွားသည့် အရေအတွက်ကလည်း များလှချေသည်။ ဤသို့ များပြားလှသော စစ်သည်များက မိမိတို့၏ အသက်ကိုလည်းကောင်း၊ မိမိတို့၏ ကိုယ်လက်အင်္ဂါ များကိုလည်းကောင်း ပေးလှူခဲ့ကြသည့်အတွက် ယနေ့ကျွန်ုပ်တို့ နိုင်ငံသားများသည် ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင်နိုင်ငံတော်အလံ၊ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ ကိုယ်ပိုင်တပ်မတော် စသည့် ဂုဏ်အင်္ဂါရပ်များ အပြည့်အဝဖြင့် ကမ္ဘာ့အလယ် ခံ့ညားဝင့်ကြွား စွာ ရပ်တည် နေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် လူမျိုးအပေါ် အနာခံဘဝဖြင့် ရပ်တည်သည့် တပ်မတော်
တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအပေါ် အသာစံဘဝမျိုးကို မရယူပါ။ အနာခံ ဘဝမျိုးကိုသာ ရယူပါသည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးအပေါ် အသာစံသည့် အဖွဲ့အစည်းမဟုတ်ပါ။ အမြဲအနာခံသည့် အဖွဲ့အစည်းသာဖြစ်သည်။ အမိနိုင်ငံ လွတ်လပ်ရေးရရှိသည်နှင့် တစ်ပြိုင် နက် ပြည်တွင်းစစ်အန္တရာယ် ပေါ်ပေါက်သည်။ ပြည်ပ ကူမင်တန် တရုတ်ဖြူများက အမိနိုင်ငံ တွင်းသို့ ကျူးကျော်ဝင်ရောက်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတချို့ စတင် ဖွဲ့စည်းပြီး တော်လှန်ပုန်ကန်ကြသည်။ ရရှိပြီးသားလွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမည့် အခြေ အနေသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် တပ်မတော်က လွတ်လပ်ရေး မဆုံးရှုံးရစေရန် တိုက်ပွဲ များကိုမလွဲမသွေ ဆင်နွှဲရသည်။ လွတ်လပ်ရေး ရယူရန်အတွက် စစ်သည်များ၏ အသက် ပေါင်း များစွာကို ပေးဆပ်ခဲ့ရသကဲ့သို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်သည့် စစ်ပွဲများ တွင်လည်း စစ်သည်ပေါင်းများစွာ၏ အသက်ကို ဆက်လက် ပေးဆပ်ရပြန်သည်။ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေး လှူသွားခဲ့သော ကျဆုံးစစ်သည်များ၏ အရိုးစုများသည် အမိနိုင်ငံ ၏ တောတောင်ရေမြေ အနှံ့တွင် ယခုတိုင် တည်ရှိဆဲဖြစ်သည်။ ကျဆုံးစစ်သည်များ၏ အရိုးစု များဖြင့် အမိနိုင်ငံ၏ နယ်နိမိတ်မျဉ်း တစ်လျှောက် ခြံစည်းရိုးကာရံလျှင် ရနိုင်သည့်အခြေအနေ တွင်ရှိသည်။ ဤသို့အရေ အတွက်များပြားလှစွာ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့ကြသည့် အတွက် ကျွန်ုပ်တို့ အမိနိုင်ငံ၏ ပထဝီမြေပုံသည် မူလအရွယ်အစား အတိုင်း အပြောင်းအလဲ မရှိဘဲ ကမ္ဘာ့နိုင်ငံများ၏ မြေပုံပေါ်တွင် အထင်ကရ ဆက်လက်တည် ရှိနေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် နိုင်ငံသားတို့၏ မှီခိုအားထားရာ တပ်မတော်
ကျွန်ုပ်တို့နိုင်ငံသားများ၏ ဘဝသည် တည်ငြိမ်သည်၊ လုံခြုံစိတ်ချရသည်၊ အေးချမ်းသာယာမှု နှင့် ဂုဏ်သိက္ခာ ရှိသည်။ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ တည်ငြိမ် အေး ချမ်းသော ဘဝ မျိုးကို ပိုင်ဆိုင်သည်ကို မတင်ပြမီ နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခပင်လယ် ဝေနေကြရသူများ၏ အဖြစ်ကို တင်ပြလိုသည်။ ကမ္ဘာပေါ်ရှိ တချို့သော နိုင်ငံများ တွင် ပြည်တွင်းစစ် မီးတောက်မီးလျှံကြီး တောက်လောင်ပြီး သွေးချောင်းစီးနေသည်။ တိုက်ပွဲများအကြား အသက်ကို လုပြေးရင်း မိ တကွဲ၊ ဖတကွဲဖြစ်ကာ မိသားစုပြိုကွဲနေကြ သည်။ လူမမယ် ကလေးများ မိမဲ့ဖမဲ့ ဖြစ်နေကြ သည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဇာတိသွေး၊ ဇာတိမာန်ကို စွန့်ပစ်ပြီး ဒုက္ခသည်အဖြစ် သတ်မှတ် ခံရရေးအတွက် အသနားခံနေကြသည်။ မည်သည့်နိုင်ငံကမျှ လက်မခံသည့်အတွက် ရေမျော ကမ်းတင် ဖြစ်နေကြသည်။ စားရမဲ့၊ သောက်ရမဲ့၊ ခိုနားရာမဲ့ဘဝဖြင့် လူဖြစ်သော်လည်း လူနှင့် တူအောင်မနေရသည့် ဘဝမျိုးကို ရောက်ရှိနေကြသည်။ ဤကဲ့သို့ ဘဝမျိုးကို မည်သည့် အကြောင်းကြောင့် ရောက်ရှိနေကြပါသနည်း။ အဖြေမှာရှင်းပါသည်။ ယင်းနိုင်ငံများ၏ တပ်မ တော်များသည် ပြည်တွင်း စည်းလုံးမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင် သောကြောင့်လည်းကောင်း၊ ပြည်တွင်းစစ်ကို နိုင်အောင် ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် လည်းကောင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည် မိမိ၏ နိုင်ငံအတွင်း ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမှ အသ နားခံ နေစရာမလိုဘဲ မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်အတိုင်း တည်ကြည် ခံ့ညားစွာနေနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တပ်မတော်သည် ပြည်တွင်း စည်းလုံးညီညွတ်မှု နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုနှင့် ပြည်တွင်းစစ်ကို နိုင် အောင် ထိန်းချုပ်နိုင်စွမ်း ရှိမှု တို့ကြောင့် ဖြစ်သည်။
ယုံကြည်ချက်၊ ခံယူချက်နှင့် ရပ်တည်ချက် မှန်ကန်သည့် တပ်မတော်
နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်တို့သည် မှန်ကန် မွန်မြတ်သည်။ ဥပမာတစ်ခုကို ထုတ်နုတ် တင်ပြရမည်ဆိုပါက တပ်မတော် ထမ်းဆောင်နေသည့် ဒို့တာဝန် အရေးသုံးပါးပင် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲမည်။ ပြည်ထောင်စု ပြိုကွဲလျှင် အချုပ်အခြာ အာဏာ ပျောက်ကွယ်မည်။ ဤ အခြေအနေမျိုးကို အဖြစ်ခံ၍မရ။ အချိန်မီ တားဆီးကာကွယ်ရမည်။ မတားဆီး၊ မကာ ကွယ်နိုင်ပါက တိုင်းပြည်နှင့်လူမျိုး ပျောက်မည်။ ဤယုံကြည်ချက်သည် တပ်မတော်၏ ယုံ ကြည်ချက်ဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို အပျောက်မခံနိုင်။ ထို့ကြောင့် ဒို့တာဝန် အရေး သုံးပါးကို ဖျက်ဆီး နှောင့်ယှက် သူ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း မှန်သမျှကို ရှင်းလင်းဖယ်ရှားရမည်။ ဤခံယူချက်သည် တပ်မတော်၏ ခံယူချက်ဖြစ်သည်။ တပ်မတော် သည် သိမ်မွေ့နူးညံ့စွာ ဆက်ဆံသည်။ သို့သော် သိမ်ငယ်စွာ မည်သူ့ကိုမျှ မဆက်ဆံပါ။ တပ်မတော်သည် စဉ်းစားဆင်ခြင် ဥာဏ်အပြည့်အဝနှင့် ပြောင်းလွယ်၊ ပြင်လွယ်ရှိသည်။ သို့သော် ယော ယိမ်းလိုက်၊ ဘသားယိမ်းလိုက် အဖွဲ့အစည်းမဟုတ်ပါ။ တပ်မတော်သည် မိမိ၏ ရည်မှန်းချက် တာဝန်ကို အောင်မြင်သည်အထိ မဆုတ်မနစ် ကြိုးစားပါသည်။ သို့သော် နွား၏ ဦးချိုမှ နို့ညှစ်သည့် အပြုအမူမျိုး မပြုလုပ်။ တပ်မတော်သည် ဆုံးဖြတ်ချက် သန္နိဋ္ဌာန် ခိုင်မာပါ သည်။ သို့သော် ခေါင်းမာမိုက်မဲခြင်းမရှိပါ။ တပ်မတော်သည် တိကျပြတ်သားစွာ ပြောဆိုဆက် ဆံပါသည်။ သို့သော် မောက်မာစွာ ပြောဆိုဆက်ဆံခြင်းမပြုပါ။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းဖြစ် သည်။ ကျောက်ဆောင်၊ ကျောက်သားကဲ့သို့ မာကျောကြံ့ခိုင်နေရမည်။ သို့မှသာ နိုင်ငံနှင့် လူမျိုးအတွက် မားမားမတ်မတ်၊ ကြံ့ကြံ့ခိုင်ခိုင်၊ တည်တည်ကြည်ကြည် ရပ်တည် ပေးနိုင်မည်ဖြစ်သည်။
အစဉ်နုပျိုနေသော တပ်မတော်
အမိနိုင်ငံနှင့် လူမျိုးအတွက် တပ်မတော် ထူထောင်လာခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်တိုင်ခဲ့ပြီ။ ကျွန်ုပ်တို့၏ တပ်မတော် မအိုသေးပါ။ အစဉ်နုပျိုလန်းဆန်းဆဲ၊ တက်ကြွဆဲ၊ အားမာန် အပြည့် ဖြင့် ချီတက်ဆဲဖြစ်သည်။ ကျွန်ုပ်တို့တပ်မတော် အင်အား မကုန်ခန်းသေးပါ။ ပိုမိုခေတ်မီ၊ ပိုမို အင်အား ကြံ့ခိုင်နေပါသည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့်သစ္စာ မပျက်ပြယ်ပါ။ ပိုမိုကြီးမား သော သစ္စာတရား ရှိနေပါသည်။ တပ်မတော်သည် ယခုအချိန်တွင် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံနှင့် လူမျိုးအပေါ် ကျရောက်နေသော အန္တရာယ်များနှင့် အခြေအနေ ဆိုး အမျိုးမျိုးကိုလည်း ဖြေရှင်းပေးနေရသည်။ ယင်းစိန်ခေါ်မှုများနှင့် အန္တရာယ်ဆိုး၊ အခြေ အနေဆိုးများကို တပ်မတော်က အောင်ပွဲများအဖြစ် ပြောင်းလဲပစ်သည်။ နောင်အနာဂတ်တွင် လည်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ၊ ပိုမိုရှုပ်ထွေးသော အန္တရာယ်နှင့် အခြေအနေဆိုးများကို ရင်ဆိုင်ရဦးမည်။ ယင်းတို့သည် တပ်မတော်အတွက် အနာဂတ် အောင်ပွဲများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် သစ္စာ၊ သူရ၊ သိပ္ပ၊ သီလ စသည့် အရည်အချင်း များကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ''ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ''ဟုဆိုနိုင် သည်။ ပြဿနာ၊ အန္တရာယ်၊ အခက်အခဲတို့က သောင်းခြောက်ထောင် ရှိနေပါသည်။ သို့သော် ကျွန်ုပ်တို့ တပ်မတော်ကမူ နိုင်ငံနှင့် လူမျိုးအတွက် အောင်ပန်းအမျိုးမျိုး ပန်ဆင်လျက် ချီတက်ဆဲ ရှိနေပါသည်။

Friday, February 19, 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ အတွေးအမြင် အာဘော်

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

နယ်မြေခံတိုင်းရင်းသားမျိုးနွယ်စုများကို ခြိမ်းခြောက်နေသော UWSA “၀” အဖွဲ့ရဲ့ စစ်အင်အား တိုးချဲ့မှု အန္တရာယ် (အပိုင်း-၁)

၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

Monday, January 25, 2016

လေသန့်ဘူးတွေ ဝယ်ရဦးမှာလား

သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။

Friday, January 8, 2016

ဥာဏ်ပညာ အလင်းပေးတဲ့ ဖောင်တော်ဦးကျောင်း

မင်းတုန်းမင်းကြီးကို ဘယ်လိုမြင်သလဲ။ ပြီးတော့ မဟောသဓကိုရော ဘယ်လိုမြင်သလဲလို့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကက စာသင်ခန်း အတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက် အတွင်းရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်း ကျောင်းကြီးဟာ မရှိနွမ်းပါးသူတွေ အတွက် ပညာရင် နို့သောက်စို့ရာ၊ အခမဲ့ပညာ သင်ကြားပေးရာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ ကျောင်းအုပ် ဆရာတော် ဦးနာယကက အထက်ပါအတိုင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

အာဏာရှင်စော်နံရင် ပြန်ပြင်

ဗျို့အယ်ဒီတာ......

ပြောရဦးမယ်။ အမှန်တော့ ဘစီကပြောချင်လှတာ မဟုတ်ပါဘူးလေ။ ဒါပေသိ အယ်ဒီတာမင်း တွေက ရေးသာရေးပါမြှောက်ပေးလာတော့လည်း နဂိုကမှ ရွပိုး ထိုးနေတဲ့ ပြောချင်စိတ်က နိုးကြွ လာသဗျ။ နိုးကြွသော်ငြား အသေ အချာစဉ်းစားတဲ့အခါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ် နေမလားလည်း စဉ်းစားရသေးဗျ။စဉ်းစားပြီး နိုးကြွားလာတဲ့ စိတ်ကို ဘယ်လိုပင် ချိုးနှိမ်ပေတဲ့ မရဘူး ဗျ။ ရေးချိန်တန်ပြီဆိုပါတော့လေ။

Wednesday, December 30, 2015

"အဆိုးဆုံး ရေဘေးကြုံခဲ့သောနှစ် "

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် မြေပြိုမှုဘေးများ ၂၀၁၅တွင် ကြုံတွေ့ခဲ့ရခြင်းက သမ္မတဦးသိန်းစိန်အစိုးရကို ခေါင်းမီးတောက်စေခဲ့သလို ပြည်သူလူထုမှာလည်း ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးလယ်ကာလမှ စတင်ခဲ့သည့် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၏ အကျိုးဆက်မှာ ကျန်ဒေသများတွင်လည်း ဆက်တိုက်ဆိုသလို သဘာဝဘေးရင်ဆိုင်ခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ ကျပ်သန်းပေါင်း ၃၀၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အစိုးရစစ်တမ်းများက ဖော်ပြသည်။

Monday, December 28, 2015

“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ၀င်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

Sunday, December 27, 2015

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ဘူဆန် အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခု ၂၀၁၅ ခုနှစ်သည် ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းအတွင်း အနုပညာနှင့် ပတ်သက်သည့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေးပန်းချီပြပွဲများ ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်တွင် ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပန်းချီအနုပညာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပန်းချီမင်းဝေအောင်၏ New Treasure Gallery နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်တို့ MoU ရေးထိုးခဲ့ကြသည်။ သဘောတူ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြုလုပ်သွားမည့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဘူဆန် အနုပညာယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

ရိုးရာမပျက်တဲ့ ပုသိမ်ထီး

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ၀ယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။
ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။

Tuesday, December 15, 2015

ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေပြီ

NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သွေးရူးသွေးတမ်းဖြစ်နေတာ UNFC ပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ UNFC မျက်နှာစုံညီအစည်းအဝေးဆိုပြီး ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လုပ်ခဲ့ တယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်အတည်ပြုခဲ့တဲ့ NCA ကို မထောက်ခံဘူးလို့ ကြေညာချက်ထုတ်ပြန် တယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း NCA နဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တယ်။ UNFC မရိုးသားတာပေါ်လွင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတောင် သဘောတူလို့ NCA ကို လက်မှတ်ထိုးပြီး JMC အစည်းအဝေးတွေသွားနေတာကို UNFC က ပြောခွင့်၊ ဝေဖန်ခွင့်မရှိဘူးလို့ ပြောချင် တယ်။

Wednesday, November 25, 2015

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု

မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

Monday, November 23, 2015

၅၉(စ)နှင့် အမြီးမတစ်စေချင်

၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့ ၀မ်း မြောက်ဝမ်းသာ ဖြစ်ရသည်ကို ခေါင်းဆောင်ကြီးများ သိရှိစေရန် ဒီနေရာကနေ သတင်းစကားပါး လိုပါသည်။

Friday, November 20, 2015

သမ္မတအထက်ကနဲ့ စပ်လျဉ်း၍

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messe-nger ကနေတစ်ဆင့် ကျွန်တော့် ဆီကို အမေးပုစ္ဆာတစ်ရပ် ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ချလာပါ တယ်ခင်ဗျ။ ပုစ္ဆာပြုသူအနှီပုဂ္ဂိုလ်က ပြည်နယ်တစ်ခုမှာ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တက္ကသိုလ်ဆရာတစ်ယောက်လို့ ဆိုလားပဲ။ ‘‘ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Above President မှာနေမယ်ဆိုတာ သူပြောတာ အမှန် လား’’တဲ့။ ကျွန်တော်က ‘‘မှန်ပါတယ် ဆရာ’’လို့ဆိုရုံရှိသေး။ ‘‘ဒါဆို သူရူးသွားပြီလား။ ကမ္ဘာသိဖြစ်အောင် သူဘာလို့ တရားဝင်ပြောရတာလဲဗျာ။ ကျွန်တော် မယုံနိုင်ဘူး။ တကယ်ပြောတာ။ ဘယ်နိုင်ငံမှာမှ 'The position abovethe president' ဆိုတာမရှိဘူး မဟုတ်လားဗျာ။ သိပ်ကို ကလေး ဆန်နေသလိုပဲဗျာ’’ဆိုပြီး နောက်ဆက်တွဲစောဒက စကားလုံးတွေက စက်သေနတ်နဲ့ တရစပ်ပစ်ထည့် လိုက်သလို။ ဒါတင်မက သေးပါဘူး။ ‘‘အဲဒီတစ်ချက်ဟာ ကျွန်တော့်အမြင်အရဆို ပက်ပက် စက်စက်ကိုမှားတယ်ဗျာ’’။ ဆိုတဲ့နောက်ဆုံးပိတ် ကောက်ချက်ချစကားတစ်ခွန်းတောင် အဆစ်ပါလိုက်သေးဗျား။

Wednesday, November 18, 2015

အာဆီယံ၏ မျှော်လင့်ချက်ဖြစ်လာသော မြန်မာ့ဒီမိုကရေစီခရီး

ဒီချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ ပျော်ရွှင်အောင်ပွဲခံနေသော ပြည်သူအချို့ ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ
‘‘ဘာကြောင့် မြန်မာပြည်သူတွေက ဒါကို လုပ်နိုင်ပြီး ဗီယက်နမ်ပြည်သူတွေက မလုပ်နိုင်တာ လဲ’’

ဗီယက်နမ်ပြည်သူ သန်း ၉၀ ယခုစဉ်းစားဆင်ခြင်နေကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ မြန်မာ့ ရွေးကောက်ပွဲသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံရှိ လူများအပေါ် သို့ စိတ်ဓာတ်ရေးရာ သက်ရောက်မှုကြီး တစ်ခုဖြစ်စေခဲ့ပါပြီ။ အ တိုက်အခံဒီမိုကရေစီခေါင်းဆောင် အနိုင်ရသည့် ရွေးကောက်ပွဲကြီးကို မြန်မာက ကျင်းပကြောင်းကြားသိရသောအခါ ဗီယက်နမ်ရှိ တက်ကြွလှုပ်ရှားသူများမှာ ၀မ်းသာမျက်ရည်များပင် ကျကြ ကြောင်း သတင်းများတွင် တွေ့ရ သည်။

‘‘ဒီမေးခွန်းဟာ ဗီယက်နမ် ပြည်သူတွေကြားမှာ မျိုးချစ်စိတ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လို စိတ်ကို ကျိန်းသေပေါက် လှုံ့ ဆော်မှာပဲ’’ဟု ဟနွိုင်းမြို့မှ ရှေ့ နေ ငုယင်ဗင်ဒိုင်က အမေရိကန် အခြေစိုက် ဗီယက်နမ်ဘာသာ သတင်းဌာနတစ်ခုအား ငိုသံပါဖြင့် ပြောကြားခဲ့သည်။ သိပ်မဝေး တော့သည့် တစ်နေ့တွင် ဗီယက် နမ်လည်း မြန်မာကဲ့သို့ လွတ်လပ် သော ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း
မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

Monday, November 16, 2015

နက်ရှိုင်း အမြစ်တွယ်နေတဲ့ ပြည်တွင်းအခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူ ပြဿနာ

အဂတိလိုက်စားရေးနဲ့ ပတ်သက်ပြီး မန္တလေးက ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြို့နယ် အခွန်ဦးစီးဌာန စာရေး တစ်ယောက်ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ် မယ့်ကိစ္စ တစ်ခုအတွက် ကျပ်သိန်း ၁၃၀၀ ကျော် လာဒ်ငွေ ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အခွန်ဆောင်ဖို့ ညွှန်ကြားချက် ထွက်လာတဲ့အခါ လာဘ်ငွေပေးထားသူနဲ့ ညှိနှိုင်းထား တဲ့အတိုင်း မဟုတ်ဘဲ တန်ဘိုးများနေတဲ့အတွက် အခွန်ထမ်းက စာရေးကြီးကို ငွေပြန်ရလိုကြောင်း တောင်းဆိုပါတယ်။ စာရေးကြီးက အဲဒီငွေတွေကို အထက်အရာရှိတွေဆီ ခွဲဝေပေးလိုက်ပြီဖြစ်တဲ့ အတွက်ပြန်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒီအခါ အခွန်ထမ်းက သူ့ငွေတွေကို လိမ်လည် ရယူခဲ့တယ် ဆိုပြီး လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တရားစွဲပါတယ်။ အခု အဲဒီ ကိစ္စ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပါ ပါဝင်လာပြီး သူ့ကို ဌာနက အရေးယူဖို့ လုပ်ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ယူမှု ဖြစ်ကြောင်းကုန်စင် ဖော်ထုတ်ဖို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ပြီးကာမှ သူ့ဌာနက သူ့ကို အာမခံ မရနိုင်တဲ့ ပုဒ်မ ၄၀၆ နဲ့ စွဲပြီး အချုပ်ထဲ ထည့်လိုက်တဲ့ ဖြစ်စဉ်ပါ။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။

ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်လာပြန်တဲ့ TNLA

TNLA က နောက်တက်လာမယ့် NLD အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် အသင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်တာဟာ နားဝမှာခါးသလို ခံစားရပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ပြီိဖြစ်တဲ့အတွက် အစိုးရဖြစ်တော့မယ်ဆိုတဲ့ပုံစံနဲ့ TNLA ရေလာမြောင်းပေးလုပ်လာတာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ခွင့်ရ ခဲ့တဲ့ ငြိမ်းချမ်းရေးကို မလိမ့်တပတ်နဲ့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ TNLA ဟာ လက်ရှိအစိုးရကို ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တဲ့သဘောဖြစ်နေပါတယ်။ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ NCA ကိစ္စဆွေးနွေးပြီး နောက်ဆုံးအဆင့် NCA ထိုးတော့မယ့်အချိန်မှာ TNLA အတွက် အခွင့်အရေး ပေးခဲ့ ပါတယ်။ TNLA ဟာ UPWC နဲ့ အပစ်ရပ်ကိစ္စဆွေးနွေးဖို့ သီးခြားကမ်းလှမ်းခြင်း ခံရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကို MNDAA နဲ့ AA တို့မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA ကြိုးကိုင်မှုအောက်မှာ NCA ကိုငြင်းပယ် ခဲ့တာဖြစ်ပါတယ်။
အစိုးရသဘောထားပျော့ပျောင်းတာကို အခွင့်ကောင်းယူပြီး TNLA ဟာ NCA မထိုးတဲ့အဖွဲ့တွေဘက်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အခု NLD အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေပြီ ဆိုလာတော့ တတ်လည်းတတ်နိုင်တဲ့ သူပုန်အဖွဲ့ပါပဲလို့ မှတ်ချက်ပြုမိပါတယ်။ ရလေလိုလေ အိုတစ္ဆေဆိုတဲ့ ကိန်း TNLA ဆိုက်နေပါပြီ။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်နေတဲ့သဘော ဖြစ်နေပါတယ်။ တစ်ခုသိထားရမှာက TNLA အနေနဲ့ နောက်တက်လာမယ့်အစိုးရကို လေဖမ်းဒန်းစီးပြီး မျက်နှာလို မျက်နှာရ ပြောနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်ပါနေတဲ့ တပ်မတော်က TNLA အကြောင်း အူမချေးခါးသိနေတယ်ဆိုတာပါပဲ။

Sunday, November 15, 2015

ကစားချိန် ပျောက်ဆုံးသွားတဲ့ ကလေးအလုပ်သမားတွေ

အသက် ၁၂နှစ် အရွယ် ရှိပြီဖြစ်တဲ့ မမြတ်နိုးက လက်ဖက်ရည်ဆိုင်က စားပွဲဝိုင်းတွေကြားမှာ သွက်သွက်လက်လက် သွားလာပြီး လက်ဖက်ရည်မှာပေးရင်း စီးကရက်တိုတွေ ကိုလည်း တံမြက်စည်းနဲ့ လှည်းနေပါတယ်။ သူ့လို ကလေး အလုပ်သမား မျိုးတွေ အတွက် တနေ့လုပ်အားခ ကျပ် ၁ ထောင် ဝန်းကျင်လောက်သာ ရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ် က ကလေးအလုပ် သမားအများဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

မမြတ်နိုးလိုမျိုး လက်ဖက်ရည်ဆိုင်တွေကနေ စက်ရုံ စက်ရုံတွေ အထိ အလုပ်အမျိုးမျိုး လုပ်ကိုင် နေရတဲ့ ကလေးငယ် သန်းပေါင်းများစွာ ရှိပါတယ်။ (အရင် စစ်အစိုးရလက်ထက်မှာ ကလေးလုပ်သားတွေ အများကြီး ပေါ်လာခဲ့ပါတယ်။) ဒါပေမယ့် ကလေးလုပ်သားများတွေနဲ့ ပတ်သက်လို့ သဘောထားတွေနဲ့ ဥပဒေတွေ ပြောင်းလဲဖို့ ကတော့ ဖိအားတွေ ရှိနေပါသေးတယ်။

မြန်မာကို ဩဇာလွှမ်းရေး အမေရိကန်နှင့် အာရှနိုင်ငံကြီးများ အပြိုင်ကြိုးစား

ရွေးကောက်ပွဲ, အမေရိကန်, တရုတ်, အိန္ဒိယ, ဂျပန်
မြန်မာနိုင်ငံသည် ကြားနေဝါဒသာ ကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှတွင် အချက်အချာကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် တို့ က ဩဇာလွှမ်းမိုးရန် အရူးအမူး ကြိုးစားနေမှုကို ပြန်လည်နေရာချနေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အောင်မြင်သည့် အတိုက်အခံခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါသည်။ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ၀န်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့သည်။ အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရနိုင်သည်ဟု သူတို့ ယူဆခဲ့ကြ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်သမ္မတ အိုဘားမား ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့သည်။

ယခုလာမည့် ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတခုဖွဲ့စည်းရေးနှင့် ရာစုနှစ်ဝက်ကြာ စစ်တပ်၏ ချုပ်ကိုင်မှုကို လျှော့ချရန် ပြင်ဆင်ထားရာ တုန့်ပြန်မှုများကို သတိကြီးစွာဖြင့် ချိန်ညှိလုပ်ဆောင်သွားရန် လိုအပ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။