Saturday, April 11, 2015
KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ရာဇဝတ်မှုကြောင့် ရာထူးမှ ယာယီ ထုတ်ပယ်ခံရ
သင်္ကြန်ကာလ တားဆေး နှင့် ကွန်ဒုံရောင်းချခွင့် ဘာကြောင့်ပိတ်ပင်..
နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်

သင်္ကြန်ကာလအတွင်း နေ့အပူချိန်များဆက်လက်မြင့်တက်နေပါက ယမကာမှီဝဲ၍ ရေကစားသူများ ဦး နှောက် သွေးကြောပေါက်ကာ ဦးနှောက်အာရုံကြောပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။
အပစ်ရပ် စာချုပ်မူကြမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက်များကို UWSA ဌာနချုပ် တွင်ဆွေးနွေးမည်
အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ

အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။
အင်းလေးကန်ကြီး တိမ်ကောလာနေ

အင်းလေးကန်ကြီး ရေရှည်တည်တံ့ဖို့ နိုင်ငံတော် အဆင့်ကနေ စီမံကိန်းချ ဆောင်ရွက်ပေးဖို့ အင်းလေးသူ အင်းလေးသားတွေ လိုလား ရှမ်းပြည်တောင်ပိုင်းက အင်းလေး ကန်ကြီး ထဲမှာ ရေနည်းလာနေတဲ့ အတွက် ရေကြောင်းအရ သွားရေး လာရေးတွေ အခုကတည်းက ခက်ခဲလာနေပါတယ်။
ထိုင်းရှေးဟောင်းမြို့ အယုဒ္ဓယ ရိုးရာသင်္ကြန်ပွဲ စတင်

ထိုင်းနိုင်ငံမှာ ရှေးဟောင်းမြို့ဖြစ်တဲ့ အယုဒ္ဓယမြို့မှာ သင်္ကြန်ပွဲတော်ကို ဧပြီ ၁၀ ရက်နေ့က စတင်ကျင်းပ ပါတယ်။
နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲ ဂျက်စတင်းဗီဗာကို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်

အာဂျင်တီးနား တရားရုံးတခုက နှုတ်ခမ်းနီမလေးတေတွ အသည်းစွဲ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်းဗီဗာကို ဖမ်း ဆီးဖို့ ဧပြီ ၁၀ ရက်နေ့က ၀ရမ်းထုတ်လိုက်ပါတယ်။
ဂျပန်နှင့် အငြင်းပွားကျွန်း များကိစ္စတွင် စိတ်မခုရအောင် အမေရိကန် လိမ္မာသိုသိပ်စွာ ပြုမူရန် တရုတ်တိုက်တွန်း

အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ခုနှင့် ပတ်သက်၍ ဂျပန်နှင့် ပေကျင်းတို့ အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်က တစ်ဘက်သား စိတ်ခုအောင် မလုပ် ဘဲ လိမ္မာသိုသိပ် စွာပြုမူရန် တရုတ်က တိုက်တွန်း လိုက်သည်။
မိုးနဲမြို့နယ်အတွင်းရှိကျေးရွာများအား RCSS/SSA အဖွဲ့မှရိက္ခာနှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာအတွင်းသို့ဧပြီလ ၈ရက်နေ့ တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ရောက်ရှိလာပြီး ဆန်နှင့် ဆက်ကြေးငွေများကောက်ခံလျက်ရှိကြောင်းယင်းဒေသခံရွာသားများထံမှ သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်း
၆ ပွင့်ဆိုင် အပေါ် သူတို့အမြင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ။ (ဧပြီလ ၁၀၊ ၂၀၁၅)
နိုင်ငံဝန်ထမ်း အငြိမ်းစားများ တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ဧပြီမှ စတင် ခံစားခွင့်ရတော့မည်
လက်ရှိမြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ (တပ်မတော်အငြိမ်းစားများ~ အပါအဝင်)အား လက်ရှိပင်စင် လစာအပြင် တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ခုနှစ်ဧပြီလမှ စတင် ခံစားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူး တုန့်ပြန်
ဦးဖုန်ကြားရှင်း ဦးဆောင်သည့် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အ တွက် ပြောရေး ဆိုခွင့် တာဝန်ထမ်းရွက် နေသူ ဦးထွန်းမြတ်လင်း အား နေပြည်တော်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားမှုနှင့်ပတ်သက်၍ ‘နေပြည် တော်အစိုးရကသာ အာဏာအလွှဲသုံးစားလုပ်နေသူ’ ဟု ဦးထွန်းမြတ် လင်းက တုန့်ပြန်လိုက် သည်။
ပလောစစ်ပွဲတွင် ကျဆုံးခဲ့သူများကို ဂျပန်ဘုရင်အလေးပြု

ဂျပန်ဘုရင် အခီဟီတိုသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သူများအတွက် အမှတ်တရအထိမ်း အမှတ် အခမ်းအနားကျင်းပသည့် ပီလီလူ ပစိဖိတ်ကျွန်းသို့ ဧပြီ ၉ ရက်က သွားရောက်ခဲ့သည်။ ပလောကျွန်းနိုင်ငံ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အဆိုပါကျွန်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သည် ၁ဝဝဝဝ နှင့် အမေရိကန်စစ်သည် ၁၆ဝဝ သေဆုံးခဲ့ရသည်။ ဝမ်းနည်းဖွယ်ကောင်းသည့် အတိတ်သမိုင်းကို မေ့ပျောက် မပစ်သင့်ဟု ဂျပန်ဘုရင်ကပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ကလည်း ဂျပန်ဘုရင်သည် ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် ဆိုင်ပန်သို့ သွားရောက်၍ ကျဆုံးစစ်သည်များကို သွားရောက် အလေးပြုခဲ့သည်။
အမေရိက ထိပ်သီးပွဲ ကျူးဘား တက်ရောက်မှု Obama ကျေနပ်

အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေး အိုဘားမား မိန့်ခွန်းပြော။ (ဧပြီ ၁၀၊ ၂၀၁၅)
အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကျူးဘားနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် တက်ရောက် လာတဲ့အပေါ် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကပြောလိုက်ပါတယ်။ ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုနဲ့ တွေ့ဆုံဖို့ခန့်မှန်းထားတဲ့ရက်မတိုင်ခင် တရက်မှာပဲ မစ္စတာ အိုဘားမားက အဲဒီလိုပြောတာပါ။
တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နိုင်ရန် ဆွေးနွေး

တရုတ်-ဗီယက်နမ် ဆက်ဆံရေး၆၅နှစ်ပြည့် အထိမ်းမှတ်အဖြစ် တရုတ် သမ္မတ ရှီကျင့်ဖျင့်၏ ဖိတ်ကြားချက် အရ ဗီယက်နမ်ကွန်မြူနစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ငုရင်ဖူတောင်းက ဧပြီ ၇ရက်နေ့တွင် တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
အမေရိကန်ပြည်သူတွေ ရဲ့ နှစ်သစ်ကူး စကားလက်ဆောင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာတော့မယ့် မဟာသင်္ကြန်နဲ့ နှစ်သစ်ကူးသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး သာယာရွှင်လန်းကြပါစေလို့ သမ္မတအိုဘားမားနဲ့ အမေရိကန်ပြည်သူတရပ်လုံး ကိုယ် စား အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry က ဆုမွန်ကောင်းပို့သ လိုက်ပါတယ်။
Subscribe to:
Posts (Atom)