Monday, May 20, 2013
ပြည်တွင်း ရွှေဈေးနှုန်း အနည်းငယ် ကျဆင်းလာ
အခုရက်ပိုင်း
ကမ္ဘာ့ရွှေ ဈေးကွက်မှာ ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာတာကြောင့်
ပြည် တွင်း ရွှေဈေးကွက် ရွှေဈေးနှုန်းများလည်း တဖြည်းဖြည်းကျဆင်းလာတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှ
တာဝန်ရှိသူရဲ့ ပြောပြချက်အရသိရပါတယ်။ ပြည်တွင်းမှာ ရွှေဈေးအနည်းငယ်ကျဆင်း လာတာကြောင့် ရွှေဆိုင်များ မှာလည်း ရွှေအ၀ယ် လိုက်နေတယ်လို့ သိရပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ဂျပန်ဝန်ကြီးချုပ် မြန်မာပြည် လာမည်
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့အတွက် ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးဟာ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို ၃ ရက်ကြာ
ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရ သတင်း ရပ်ကွက်က ပြောဆိုကြောင်း Japan Times သတင်းစာက ဖေါ်ပြပါတယ်။
ရန်ကုန်မြို့ ပတ်ဝန်းကျင်အနေအထားမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦး မလုံလောက်မှုများကို လေ့လာတွေ့ရှိ..
ရန်ကုန်မြို့တွင် တွေ့ရှိရသော ပတ်ဝန်းကျင်အနေအထားမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦ (Infrastructure)မလုံလောက်မှုများ၊ အခြေခံရပိုင်ခွင့်(Base Facility) မလုံလောက်မှုများ၊ စွန့်ပစ်ပစ္စည်း များ စသဖြင့် ပြန်လည်လေ့လာရန် လိုအပ်နေကြောင်း ကိုရီးယား-မြန်မာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများမှ သိရသည်။ယခုလို ပြဿနာများကို ဖြေရှင်းရန် အတွက် ရေပေးဝေ မှုနှင့် ရေဆိုးစီးဆင်းမှုစနစ်များကို အခြေခံထား၍ အခြေခံလိုအပ်ချက် တိုးမြှင့်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ အဆောက်အဦတိုးချဲ့မှုစသည့် အစစအရာရာတိုးမြှင့်ဆောင်ရွက်သွားရန် အတွက်ရည်ရွယ်ထားပြီး မိလ္လာရေဆိုးများကို ရှင်းလင်းရန်မှာလည်း လက်ရှိအနေအထားနှင့် ကိုက်ညီသော Treatment System (ပြန်လည်ပြုပြင်ရေးစနစ်) များဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ကိုရီးယားမှ ပညာရှင် ကပြောကြားခဲ့ကြောင်းသိရသည်။
အရက်နှင့် ဘီယာချက်စက်ရုံ ခွင့်ပြုပေးသူများ သမိုင်းတွင် တရားခံဖြစ်မည်

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပထမဆုံး အစည်း အဝေး ထိုင်သည့် နေ့တွင်ပင် ပြည်ပမှ ဘီယာချက်စက်ရုံတစ်ရုံကို ပြည်တွင်း၌ တည်ဆောက်ရန် ခွင့်ပြုလိုက် ပြန် ပြီ ဖြစ်သည်။
ယခုနှစ်အတွင်း အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခဲ့
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုဟာ ယခင်နှစ်တွေ ကထက် အ၀င် နောက်ကျခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများကို ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့က စတင် ၀င်ရောက် နေပြီး မြစ်ဝကျွန်းပေါ် ဒေသ ကိုတော့ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အတွင်း ၀င်ရောက် နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။
"လူ့အခွင့် အရေး ချိုးဖောက် သည့် ရာဇဝတ် မှုများဖြင့် ထောင်ဒါဏ် တစ်သက် တစ်ကျွန်း ကျခံနေ ရသော အာဂျင် တီးနား စစ် အာဏာရှင် ဟောင်း တစ်ဦးဖြစ် သူ Jorge Rafael Videla သည် အကျဉ်းထောင် တွင်း ၌ပင် ကွယ်လွန်"

အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်း တစ်ဦးဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှု များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင်အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီးရောဂါဖြင့် ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုးရန် Working Group ၈ခု ဖွဲ့စည်းဆောင်ရွက်မည်
မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုး စေရန်အတွက် ရေလုပ်ငန်း နယ်ပယ်တွင် လိုအပ်သော အစုအဖွဲ့ လုပ်ငန်းငယ်များ ဖွဲ့စည်း ဆောင်ရွက် သွားမည် ဖြစ်ပြီး လတ်တလော တွင် ပဏာမအဖြစ် Working Group ၈ ခု ဖွဲ့စည်းကာ လုပ်ဆောင် သွားမည့် လုပ်ငန်းများ အတွက် အသေးစိတ် ဆွေးနွေး
မိမိ၏ မွေးကင်းစ ကလေးအား အိမ်သာကျင်းထဲ စွန့်ပစ်သူ ဖမ်းမိ
![]() |
ဓာတ်ပုံ- မတ်လအတွင်းက တောင်ကြီးမြို. ရူ့ခင်းသာပန်းခြံအတွင်းမှ မွေးကင်းစ အချင်းပါ မိန်းကလေးငယ် |
အရက်မူးသမားကဆင်ရိုင်းထံသို့တဟုန်ထိုးပြေးသွား

တောင်အာဖရိက၏နာမည် ကျော်ကရူဂါအမျိုးသားဥယျာဉ် တွင် အရက်မူးသမားတစ်ဦး က တောဆင်ရိုင်း တစ်ကောင်ထံသို့ တစ်ဟုန်ထိုးပြေးလွှားသွားခဲ့သည့် ဗွီဒီယိုပုံအား အင်တာနက်တွင် လွှင့်တင်ပေးခဲ့သဖြင့် အုတ်အော် သောင်းနင်းဖြစ်ခဲ့ရသည်။
အနာဂတ် Touch Screen နည်း ပညာသစ်

ယင်းနည်းပညာကို ယမန်နှစ် ဇွန်လဆန်းကတည်းက ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါတယ်။
Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း

Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ် ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အမေး အဖြေ

ဦးသန်းလွင်ထွန်း။ ။ မင်္ဂလာပါခင်ဗျ။ အခု ဗွီအိုအေမြန်မာပိုင်း ကနေပြီးတော့ မြန်မာနိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ အထူးသဖြင့် ဗွီအိုအေ အပါအ၀င် ဗွီအိုအေကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ဒီစီ အနီးတ၀ိုက်မှာ ရှိတဲ့ မြန်မာ အသိုင်းအ၀ိုင်းကနေပြီးတော့၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူငယ်ရေးရာ ဘက်ပေါင်းစုံက အသိုင်းအ၀ိုင်းက သမ္မတကြီးနဲ့တွေ့ပြီးတော့ မေးချင် တာ၊ နှုတ်ဆက်ချင်တာတွေနဲ့အတူ တွေ့ဆုံပွဲကို စတင်ပါပြီခင်ဗျ။
၂၀၁၃ ခုနှစ် အတွင်း စက်ရုံ အလုပ်ရုံ များမှ လုပ်ငန်း ခွင် အဆင် မပြေမှု များကြောင့် အလုပ်ရှင်နှင့် အလုပ် သမားများ အကြား ပြဿနာ များ ဆက်တိုက်ြ ပန်လည်ဖြစ်ပွား

၂၀၁၃ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင်အဆင်မပြေမှုများကြောင့် အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာများ ဆက်တိုက်ပြန်လည် ဖြစ်ပွားလာကြောင်း အလုပ်သမား ကိုယ်စားလှယ် များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
"ပြည်ထောင်စုလွတ်တော် အထူးအစည်းအဝေး ကျင်းပ"

ပြည်ထောင်စု လွတ်တော် အထူးအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်
နေပြည်တော်ရှိ လွတ်တော် အဆောက်အဦတွင် ကျင်းပနေပြီ
ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်ကို သွားရောက်လေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ(၁၉)ရက် ဒေသစံတော်ချိန် နံနက် (၈)နာရီ (၄၅) မိနစ်တွင် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်တည်ရှိရာ မောင့်ဗာနွန်(Mt. Vernon) ဥယျာဉ်သို့ ရောက်ရှိသည်။
လူထုကျန်းမာရေး(ကင်ဆာရောဂါ ကာကွယ် နိုင်အောင် ဂေါ်ဖီထုပ် စားပါ )

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ(အစိမ်းရောင် ပန်းဂေါ်ဖီ)လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက် တွေကိုအနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင် ကြောင်း သုတေသီတွေက ဆိုပါတယ်။
ဇေယျသုခ ကျောင်းတိုက်တွင် ဘာသာသာသနာအကျိုး သယ်ပိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
ဇေယျသုခ ကျောင်းတိုက်တွင် ဘာသာသာသနာအကျိုး သယ်ပိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပနေစဉ်။ |
အမျိုးဘာသာ သာသနာအကျိုး ဆတက်တပိုး
တိုးတက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းတိုင်ပင်ဆွေးနွေး စည်းဝေးပွဲတရပ်ကို ယနေ
့မေလ ၁၉ ရက် တနင်္ဂနွေနေ့  နေ့လည် ၁ နာရီတွင် အမေရိကန်ပြည်ထောင်စု
တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်း ၌ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
စီးပွား/ ကူးသန်းပိုင် မြေနေရာ အချို့ကို နိုင်ငံတော် အတွက် လိုအပ် သည့် နေရာ များတွင် အသုံးပြု သွားမည်
![]() |
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စီးပွား/ကူးသန်း ၀န်ကြီးဌာနပိုင် ဂိုထောင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) |
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ
မြေနေရာအချို့ကို နိုင်ငံတော်အတွက် လိုအပ်သည့်နေရာများတွင်
အသုံးပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
မြစ်ဆုံစီမံကိန်း ပြန်လည် တည်ဆောက်ရေး အတွက် တရုတ် အစိုးရမှ NLD အား ချဉ်းကပ်ခဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏
ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရာ
အဆိုပါခရီးစဉ်အတွင်း တရုတ်အစိုးရမှ ယင်းသို့ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးရှားဝေါလ်ကုမ္ပဏီမှ ကမ်းနားလမ်းသစ် ဖြတ်သန်းခ ကောက်ခံမှု တစ်လအတွင်း ကျပ် ၁၇၇၇ သိန်းကျော်ရရှိ၊ ငါးမိုင်သာရှိသောလမ်းမှ တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ပြန်ရမည်
![]() |
ကမ်းနားလမ်းသစ်ရှိ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်) |
မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် ရန်ကုန်မြို့တွင်း အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို အိမ်ထောင်စု ၁၂၀၀၀ ကျော်ထံမှ ကောက်မည်
![]() |
ရန်ကုန်မြို့တွင်း သွားလာနေသော ခရီးသည်တင် ဘက်စ်ကားတစ်စီးပေါ်တွင် ခရီးသည်များ ပြည့်ကျပ်စွာ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ် |
ရန်ကုန်မြို့တော်တွင်း အများပြည်သူ ခရီးသွားလာနေမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်
၃၉ မြို့နယ်နေ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ အများပြည်သူ
ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA လေ့လာရေးအဖွဲ့မှ စစ်တမ်းကောက်ယူ
မည်ဖြစ်ကြောင်း သတင်းရရှိသည်။
'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ
![]() |
၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ |
'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ က ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန်ဖုန်း အလုံးရေ တစ်သိန်းကျော်ရောင်းချ ယခင်လထက် ဖုန်းအလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ပြီး မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်
![]() |
ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရှိရန် ရပ်ကွက်တွင်း၌ မဲနှိုက်နေသည်ကို တွေ့ရစဉ် |
ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း
CDMA ဖုန်း အလုံးရေ ၁၀၁၂၁၉ လုံးအား မေ လ ၂၀ ရက်နေ့တွင်
ရောင်းချပေးမည်ဖြစ်ပြီး ယခင်လကဲ့သို့ပင် မဲနှိုက်သည့် စနစ်ဖြင့် သာ
ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
သတင်းရရှိသည်။
Subscribe to:
Posts (Atom)