အမေရိကန် သမ္မတ၏ တရားဝင်ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဟု နိုင်ငံပိုင်ရုပ်/သံက မေလ ၁၃ ရက် ညတွင် ထုတ်ပြန်ကြေညာ လိုက်သည်။
Monday, May 13, 2013
မူဆယ် ခရိုင် မန်နို လုံရွာ တွင် ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှ ပစ်ခတ်
မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။
မုန်တိုင်း အန္တရာယ်အရောင်သတ်မှတ်ချက်များ
မိုးလေ၀သတင်းများမှာ ဖော်ပြနေတဲ့ အရောင်သတ်မှတ်ချက်များနဲ့ ပတ်သက်ပြီး အကျဉ်း ချုပ် ဖော်ပြ ပေးလိုက်ပါတယ်။
အမေရိကန် နယူးအော်လင်းမြို့ အမေနေ့လမ်းလျှောက်ပွဲတွင် ပစ်ခတ်မှုကြောင့် ၁၉ ဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
ဘားအံမြို့နယ် ကျုံဖဲကျေးရွာတွင် ဘဲအကောင် ၄ဝဝ ခန့် အဆိပ်သင့် သေဆုံး
ကရင်ပြည်နယ် ဘားအံမြို့ ကျုံဖဲကျေးရွာနေ ဦးရဲထွန်း ဘဲအကောင် ၄ဝဝ ခန့်
ကျုံဖဲကျေးရွာ အရှေ့ လယ်ကွင်းတွင် မေ ၁ဝ ရက် နံနက် ၉ နာရီခွဲက စားကျက်ချစဉ်
သေဆုံးကြောင်း လာရောက် သတင်းပို့ခဲ့
သဖြင့် အခင်းဖြစ်နေရာသို့ ဇာသပြင် ရဲစခန်းမှူးနှင့် အဖွဲ့မှ
သွားရောက်စစ်ဆေးခဲ့ရာ ကျုံဖဲကျေးရွာ အရှေ့ဘက် တစ်ဖာလုံခန့်၊
ကျုံဖဲ-ကျားကလေးလမ်း တောင်ဘက် လယ်ကွင်းအနီး ကိုက် ၁ဝဝ ခန့် ပတ်လည် အတွင်း၌
ဘဲများ ပြန့်ကျဲ၍ သေဆုံးလျက် တွေ့ရှိရသည်။
မုန်တိုင်း အန္တရာယ် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးနှင့် ဧရာဝတီတိုင်းအနောက်ခြမ်းကို နှိုးဆော်အဆင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း သတိပေးအဆင့်ထားရန် ဦးထွန်းလွင်ပြော၊မေ ၁၃ ရက်၊ ညနေ ၆း၅၄ ခန့်မှန်းချက်
အားလုံးဟာ အရင်ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက် အပြောင်းအလဲ မရှိသေးပါ။
“မန်စီးတီးမန်နေဂျာ မန်စီနီ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိ”
မန်ချက်စတာစီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီအနေဖြင့် ၎င်း၏ရာထူးကိုအချိန်မရွေး ဆုံးရှုံးရဖွယ် ရှိနေကြောင်းသတင်းများက ဖော်ပြလျှက်ရှိသည်။
မန်စီးတီး အသင်းသည် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်ကို အရေးနိမ့်ခဲ့သည့်နောက်
မန်စီနီကိုရာထူးမှ ထုတ်ပယ်ရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်နေကြောင်း
ခန့်မှန်းမှုများ အားကောင်းလျှက်ရှိပြီး ယင်းကို မန်စီးတီးဘက်မှ
တစ်စုံတစ်ရာ ငြင်းဆန်ခြင်း မရှိချေ။
မုန်တိုင်းသတင်းမေလ၁၃ရက်၊ ၁၅း၃၀နာရီ
မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ
လမ်းကြောင်း ပုံဖေါ်ခန့်မှန်း ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏
လမ်းကြောင်း မှာ မြောက်ဘက် သို့ ပြန်လည် ရောက်ရှိ သွားပြီး မုန်တိုင်းဗဟိုသည်
မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်း မြို့
မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား
ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းထားပါသည်။
တရား မ၀င် မြန်မာ အလုပ် သမား ၁၀၀ ကျော် ဖမ်းဆီး ရမိ
ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက် မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြ သွား ပါတယ်။
အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး

အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“အမေရိကန်နိုင်ငံ နယူးအော်လန်းမှ အမေများနေ့ အခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပွား”

အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ယမန်နေ့က ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း
လူ(၁၉)ဦး ဒဏ်ရာရ ခဲ့ကြောင်း သိရှိရသည်။ အမေများနေ့တွင် ဖြစ်ပေါ်လာသော
ရုတ်ရုတ်သည်းသည်း အခြေအနေနှင့် ပတ် သက်ပြီး
နယူးအော်လန်း ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ လမ်းပေါ်တွင်
ဖြစ်ပွားသည့် ပစ်ခတ်မှု တစ်ခုဟုသာ ယူဆထားကြောင်း ဆိုသည်။
ရန်ကုန်မြို့ ၌ မိုး အနည်း ငယ် သာ ရွာသော် လည်း ရေ လျှံမှုဖြစ်

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ်(၂၀)ခန့် ရွာသွန်းပြီးနောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်း ထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။
ဗိုလ် ချုပ် အောင် ဆန်း ဈေးကြီး အ ကြီး စား ပြင် ဆင် မည်

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။
ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ
မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်
တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော
ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက်
မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊
အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ
ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက
သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက
ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ
စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။
အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။
အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။
ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းအကြားဝင်ရောက် တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်မဟာဆန်မှာလမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။
"ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို
ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်း ထားတဲ့ မဟာဆန် (Mahasen) အမည်ရ
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။
အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ

၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး
![]() |
ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ် |
အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့ လိုက်သောကြောင့်
ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ
လုပ်ငန်း ရှင်များနှင့် ဘဏ်များကိုသာနားလည်မှုနှင့် case by case
ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။
စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ
![]() |
ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း |
စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံ စပေါ်ငွေ မှ နုတ်ယူ ခံရကြောင်း သိရသည်။
မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက လျှပ်တစ်ပြက် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးများ ကြုံနိုင်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သတိပြုရန်လို
![]() |
ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ် |
မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B
(နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍
ကမ္ဘာတစ်ဝန်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global
Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက် မည့်
အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁
နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။
Subscribe to:
Posts (Atom)