၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် တောင်တွင်းကြီးမြို့ ၊ ရွှေအိုး(၂) ရပ်ကွက်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် လမ်းမပေါ်၌ ရွှေအိုး(၂)ရပ်ကွက်နေ ၀င်းနိုင်ထွန်း(၂၉)နှစ်အား ရှာရန်း-110 အနက်ရောင်၊ နံပါတ်မပါ ဆိုင်ကယ်တစ်စီးနှင့်အတူ ၀င်းနိုင်ထွန်း(၂၉)နှစ် မသင်္ကာဖွယ် တွေ့ရှိ သဖြင့်
Wednesday, November 5, 2014
အနောက်ယိမ်းပုံရိပ်ကို တရုတ်ခရီးနဲ့ ဒေါ်စု ညှိလိုဟန်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တွေက ဆိုပါတယ်။ ရှေ့လထဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။
ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင်တက်သမားနှစ်ဦး အတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပသော ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲ၌ တောင်တက်သမားနှစ်ဦး ဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့အပြင် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည့် တောင်တက်သမား ခြောက်ဦးကို ကျပ် ၁၀ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ရင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ထူးဖောင်ဒေးရှင်းမှ ကပ္ပတိန် အောင်မြတ်တိုးအတွက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။
အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင် ဖွင့်ဟချက်

စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ ကိုဇော် (အ ရုဏ်ဦး)ရိုက်ကူးနေတဲ့ ‘မြားနတ်မောင် ဝှက်တဲ့မြား’ ဇာတ်ကားကို ခင်ဝင့်ဝါနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်က ပန်းချီဆရာပေါက်စလေးအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ဇာတ်ကားလေး တစ်ကားဖြစ် တယ်လို့လည်း သိရပါတယ်။ စိုင်း စိုင်းခမ်းလှိုင်က ဒီနှစ်ထဲမှာ ရုပ်ရှင် ဇာတ်ကား ကြီး တစ်ကားရိုက်ကူးဖို့အတွက်လည်း ပြင် ဆင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံသို့ သွားရောက်လေ့ကျင့်
၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး မြန်မာ အသင်းပါဝင်တဲ့ အုပ်စု (ခ)ပွဲစဉ်များကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များနေသဖြင့် ယာဉ်တင်သွင်းခွင့်မူဝါဒ ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ရန်သာ စဉ်းစားမည်
ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များပြားနေသဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ် တင်သွင်းမှုကိုသာ ကန့်သတ်ရန် စဉ်းစားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားသည်။
အဆိုပါ ပြောကြားချက်သည် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ နိုဝင်ဘာ ၄ ရက် နံနက်က ပြုလုပ်ခဲ့သည့် ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေး လုပ်ငန်းစဉ်များအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာမောင်အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲပြီးနောက်ပိုင်းတွင် နှစ်စဉ်မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုပြီးနောက် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ မှာ ဖြေရှင်းရန်ခက်ခဲလာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
အိုဘားမားလာမည့်အချိန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဆန္ဒပြရန် ပြင်

အမေရိကန်သမ္မတအို ဘားမားမြန်မာနိုင်ငံသို့ ရောက်ရှိ မည့် နိုဝင်ဘာ ၁၂ ရက်တွင် ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန် ရက်(ဒဂုံဆိပ်ကမ်း)က ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတား အောက်မှ သံလွင်လမ်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားရန် သက်ဆိုင်ရာမြို့နယ်တွင် စာတင် ထားကြောင်း ကွန်ရက်၏ ဦးဆောင်ကော်မတီတွဲဖက်တာဝန်ခံ ဦးကြည်လင်းကပြောသည်။
ဆန္ဒထုတ်ဖော်ခွင့်ပြုလုပ်ရ ခြင်းသည် အိုဘားမားမြန်မာနိုင်ငံ သို့ ရောက်ရှိချိန်တွင် ပြည်တွင်း ရေးအခြေအနေကို ရှင်းရှင်းလင်း လင်းသိစေလိုကြောင်း နိုင်ငံတ ကာအသိုင်းအ၀ိုင်းထောက်ခံအား ပေးပူးပေါင်းဆောင်ရွက်မှုကို ရယူလို၍ ဖြစ်ကြောင်းဟုဦးကြည်လင်းကဆိုသည်။
ယူနိုက်တက်အမရဘဏ် ငွေပြန်ထုတ်သူ နှစ်ဆမြင့် ဦးအောင်သောင်း သတင်းဂယက်ကြောင့် ဘဏ်အပ်ငွေနှင့်ထုတ်ငွေကွာဟမှု တစ်ရက်တည်း ကျပ် ၁၀ ဘီလီယံခန့်အထိရှိလာ
ဦးအောင်သောင်းကို အ မေရိကန်အစိုးရက စီးပွားရေးပိတ် ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက် ပြီးနောက် ပြင်ပ၌ ကောလာဟလ များထွက်ပေါ်ပြီး ယူနိုက်တက်အ မရဘဏ်မှ ငွေထုတ်ယူမှုမှာ နှစ် ဆခန့်မြင့်တက်လာကြောင်း တာ ၀န်ရှိသူများက ပြောကြားသည်။
‘‘ပုံမှန်ဆိုရင် အပ်ငွေနဲ့ ထုတ်ငွေက တစ်နေ့ကို ကျပ်လေး၊ ငါးဘီလီယံပဲ ကွာခြားတယ်။ ဒီ နေ့တော့ ဆယ်ဘီလီယံအထိရှိ တယ်’’ဟု ယူနိုက်တက်အမရ ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းစိုးက ပြောသည်။
ကောလာဟလများ ထွက် ပေါ်လာပြီးနောက် ယူနိုက်တက် အမရဘဏ်၌ ငွေထုတ်ယူမှုသည် နိုဝင်ဘာ ၄ ရက်က ကျပ် ၂၆ ဘီလီ ယံရှိပြီး အပ်ငွေမှာ ၁၆ဘီလီယံ သာရှိခဲ့သည်။ နိုဝင်ဘာ ၃ ရက် က အပ်ငွေမှာ ကျပ် ၄၄ ဘီလီယံ ရှိခဲ့ပြီး ထုတ်ငွေမှာ ၄၁ ဘီလီယံရှိ ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိရင် ပါတီဝင်မဖြစ်နိုင်
နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိတဲ့သူတွေကို ပါတီဝင်တွေအဖြစ် စည်းရုံး ထည့်သွင်းရင် သက်ဆိုင်ရာ ပါတီကို စိစစ် အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice ကို ပြောပါတယ်။
နိုင်ငံရေးပါတီ တွေထဲမှာ နိုင်ငံသားလက်မှတ် ကိုင်ထားတဲ့သူတွေကို ပါတီဝင်တွေ အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် ဒါမှမဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ထားတဲ့သူတွေကို ထည့်သွင်း စည်းရုံးထားရင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပါတီထဲကနေ ထုတ်ပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံသားမဟုတ်သူများ ပါဝင်တည်ထောင်ထားသည့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ပြန်ဖွဲ့ခိုင်း
နိုင်ငံသားမဟုတ်သူများ ပါဝင် တည်ထောင်ထားသည့် နိုင်ငံရေးပါတီများ အနေဖြင့် ၂၀၁၅ ဇန်န၀ါရီ ၉ ရက် နောက် ဆုံးထား၍ ဥပဒေနှင့်အညီ ပြင် ဆင် ဖွဲ့စည်းရတော့မည်ဖြစ် သည်။
ယခင်က မူလနိုင်ငံသား မဟုတ်သည့် နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ယာယီသက်သေခံလက်မှတ် (အဖြူရောင်ကတ်) ကိုင်ဆောင် ထားသူများကိုပါ ပါတီတည် ထောင်ခွင့်၊ ပါတီတွင်း ပါဝင် ခွင့်ပေးထားခဲ့သော်လည်း ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအရ ထိုသို့ ပါဝင်ခြင်းကို ကန့် သတ်လိုက်ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)