ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်း လျာထားမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက် မရပါက တည်ဆောက်မည် မဟုတ်ကြောင်း စီမံကိန်းအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဖေဖော်ဝါရီ ၂၇ ရက် ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ပြုလုပ်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် Eleven Media Group သို့ပြောကြားသည်။