
သြဂုတ်လ ၁၂ ရက်နေ့က Facebook တွင် တွေ့ရသော ဆရာမရွှေကူမေနှင်း၏ “ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ” ဟူသော ဆောင်းပါးကို ဖတ်ရသဖြင့် စဉ်းစားမိသမျှ မေးခွန်းများနှင့် အမြင်များကို ချရေး မိခြင်းဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အခြေခံဥပဒေပြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ဖို့အရေးကိုပဲ NLD မှ အထူးအာရုံစိုက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူမ သမ္မတဖြစ်လိုကြောင်း အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တဲ့ မီဒီယာအများအပြားကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ရေးလာကြပါတယ်။ အဓိကပြင်ချင်ကြတာကတော့ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) မှာပါတဲ့ ဒုတိယသမ္မတ လောင်း၏ မိဘ၊ သားသမီး နှင့် ခင်ပွန်း၊ ဇနီး များက နိုင်ငံခြားသား မဖြစ်စေရဟူသောဥပဒေ ဖြစ်ပါတယ်။