ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက်
ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီက
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သမ္မတဦးသိန်းစိန် တက်ရောက် ချီးမြှင့်ခဲ့ပြီး (၂၇) ကြိမ်မြောက်
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက
အမှာစကားပြောကြား၍ ဆီးဂိမ်းစ်ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။
အခမ်းအနားတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက
ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် (၂၈)
ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
စင်ကာပူနိုင်ငံအား