ပလောင်
လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေး
တပ်မတော်(PSLF/TNLA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ
အချို့အား တွေ့ရစဉ်
ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ရှမ်း၊ ကယား၊
မွန်ပြည်နယ်များမှ နိုင်ငံရေး ပါတီ များနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ
ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ယခုလကုန်ပိုင်းတွင် တောင်ကြီးမြို့၌
ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။