ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ရန်ကုန်မြို့တော် ကြီး၏ စိမ်းလန်းစိုပြည် သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သစ်ပင်ခုတ်ခြင်း၊ သစ်ပင် ပုံသွင်းခြင်း၊ ကိုင်းများ ဖြတ်ညှိခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ခွင့်ပြုချက်မရှိဘဲ သစ်ပင်များ ခုတ် ထွင်ခြင်း အတွက် တန်ဖိုးငွေ ငါးဆပေး လျော်ရမည် ဖြစ်ကြောင်း သိရသည်။
Thursday, January 2, 2014
(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။
KIA အား ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှာ သဘောထားကြေညာချက်ထုတ်ပြန်


KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက် ၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောကြေညာချက်ကို ဇန်န၀ါရီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရှိရပါသည်။
တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား
၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး
ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာပြီး ဈေးေ ကာင်း ရကြသည်ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက်များ က
ပေါင်ပို ချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း
တောင်သူများက ပြော ကြားသည်။
နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်
ရန်ကုန်မြို့တော်တွင်
နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး
အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု
များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ
ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။
အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။
အမျိုးသမီးမောင်းနှင်သည့် တက္ကစီကို အုတ်သဲကျောက်ကားက ၀င်တိုက်
ပုဇွန်တောင်မြို့နယ် ဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင်
အမျိုးသမီးမောင်းနှင်သည့် တက္ကစီ အငှားကားကို အုတ်သဲကျောက်ယာဉ်တစ်စီးက
အရှိန်လွန်ပြီး ၀င်တိုက်မှုတစ်ခု ဒီဇင်ဘာ ၃၁ ရက် နံနက် က ဖြစ်ပွား ခဲ့သည်။
နံနက် ၁၁ နာရီ ၄၀ အချိန်တွင် ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့
ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာ သော ၄က/ ၄၄၈၇ ဒိုင်ဟက်စု အဖြူရောင်
(ငှား) အုတ်သဲကျောက်တင်ယာဉ်က အိုးရှင်းမှတ်တိုင် အနီး အရောက်တွင်
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တစ်ရက်အတွင်း သေမှုသေခင်း ခုနစ်မှုဖြစ်
ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၃၁ ရက်အတွင်း သေမှုသေခင်းပေါင်း ခုနစ်ခုထိ
အမှုဖွင့်စစ်ဆေးနေရပြီး မိမိ ကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှု
သုံးမှုထိပါဝင်နေသည်ကို တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ တွင်
တွေ့ရှိ ရသည်။
ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အိမ်အမှတ် (၆၀/ က)တွင် နေထိုင်ဖြစ်ပြီး နေအိမ်ရှေ့ ကုက္ကိုပင်တွင် အမြင့်ခုနစ်ပေခန့်ရှိ သစ်ပင်ခွ ဆံတွင် အရှည် ၁၀ ပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ နှစ်ပင်လိမ်ပိုးကြိုးအား အသုံးပြုလျက် ဒူးထောက်ထိုင် အနေ အထားဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အိမ်အမှတ် (၆၀/ က)တွင် နေထိုင်ဖြစ်ပြီး နေအိမ်ရှေ့ ကုက္ကိုပင်တွင် အမြင့်ခုနစ်ပေခန့်ရှိ သစ်ပင်ခွ ဆံတွင် အရှည် ၁၀ ပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ နှစ်ပင်လိမ်ပိုးကြိုးအား အသုံးပြုလျက် ဒူးထောက်ထိုင် အနေ အထားဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။
နိုင်ကျဉ်း ၃၅ ဦးကျော် ရာဇ၀တ်မှုစွဲချက်များကြောင့် ထောင်မှမလွတ်သေးဟုဆို
နှစ်ကုန်တွင်
နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ၂၀၁၃ ခုနှစ်အတွင်း သမ္မတ
ကတိပြုခဲ့သည့်အတိုင်း ဧပြီ လမှ ဒီဇင်ဘာလအထိ လက်ကျန်နိုင်ငံရေးအကျဉ်းသား
စိစစ်ရေးကော်မတီ၏ စိစစ်မှုဖြင့် ၃၅၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊
ပုဒ်မခုနစ်ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းတို့ ဆောင်
ရွက်ပြီးဖြစ်သော်လည်း ရာဇ၀တ်မှုစွဲချက်များဖြင့်တွဲဖက်၍ ပြစ်ဒဏ်ကျခံနေရသူ ၃၅
ဦးကျော် အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသေးသည်ဟု နိုင်/ကျဉ်းကော်မတီဝင်
ဦးရဲအောင်က ဇန်န၀ါရီ ၁ ရက်တွင် အတည်ပြု ပြောဆိုသည်။
“အခု
ထောင်ထဲမှာ နိုင်ငံရေးပုဒ်မမကျန်ပေမယ့် ရာဇ၀တ်ပုဒ်မနဲ့
နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေး တယ်။ ဒါတွေအတွက်ကိုလည်း ကော်မတီက
ဆွေးနွေးပြီး တင်ပြထားပြီ ဘယ်လိုပုံစံနဲ့ လွှတ်ပေးမယ်ဆို တာကိုပဲ မသိတာ”ဟု
၎င်းက ပြောသည်။
စစ်တွေမြို့နယ်တွင် တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး
တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့်
တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်တွေမြို့နယ် မှန်စီရဲကင်းတွင် တာဝန်ကျနေသော တပ်သားသန့်ဇင်ဝင်းနှင့် တပ်သားကျော်ကျော်မိုးတို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရဲကင်းနောက်ဘက် သုံးဖာလုံအကွာရှိ တရုတ်သင်္ချိုင်းသို့ ရောက်ရှိခဲ့ရာ အုတ်ဂူများ ဖျက်ဆီးနေသော ဘင်္ဂါလီရှစ်ဦးအား တွေ့ရှိ သဖြင့် တားမြစ်ရာမှ သံတူးရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်တွေမြို့နယ် မှန်စီရဲကင်းတွင် တာဝန်ကျနေသော တပ်သားသန့်ဇင်ဝင်းနှင့် တပ်သားကျော်ကျော်မိုးတို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရဲကင်းနောက်ဘက် သုံးဖာလုံအကွာရှိ တရုတ်သင်္ချိုင်းသို့ ရောက်ရှိခဲ့ရာ အုတ်ဂူများ ဖျက်ဆီးနေသော ဘင်္ဂါလီရှစ်ဦးအား တွေ့ရှိ သဖြင့် တားမြစ်ရာမှ သံတူးရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် ရောက်ရှိခဲ့ရာ ဆိုင်ကယ်တိုက်မှုအပါအ၀င် ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ရှိ

ဒီဇင်ဘာ ၃၁ ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် လာရောက်ကုသခဲ့ရာ ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ပါဝင်ကြောင်း အရေးပေါ်ဌာန မှတ်တမ်းများအရ သိရသည်။
ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယောက် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂ နာရီကျော် နောက် ပိုင်း၌ အရေးပေါ်ဌာန ပြင်ပလူနာဌာနတွင် ကုသပေးရသည့် လူနာ ၆၅ ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား

ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်
ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး၊ မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ရေစုပ်စက်များ မရှိသောကြောင့် နံနက် ၆ နာရီကျော်သည်အထိ အချိန်လေးနာရီကျော်ကြာ မီးလောင် ကျွမ်းမှု အားကောင်းခဲ့ပြီး အနီးရှိ ဘီတွတ်ကျေးရွာ ကြာကန်ကျေးရွာ၊ လပွတ္တာမြို့များရှိ မီးသတ်ရဲဘော်များ လာရောက်အားဖြည့် ကူညီငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံများကဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။
"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်ကနေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။
သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို UN နှင့် ဗြိတိန်နိုင်ငံတို့မှ ကြိုဆိုခဲ့ပြီး လွှတ်ပေးရန် ကျန်နေသူများ ရှိသေးကြောင်း ထောက်ပြ
သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှုအပေါ် ကြိုဆိုကြောင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဗြိတိန်နိုင်ငံ တို့မှ
အသီးသီး ထုတ်ပြန်ခဲ့သည်။
မတရားအသင်း အက်ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၊ နိုင်ငံတော် သစ္စာဖောက် မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဥပဒေ ခုနစ် မျိုးဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
မတရားအသင်း အက်ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၊ နိုင်ငံတော် သစ္စာဖောက် မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဥပဒေ ခုနစ် မျိုးဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို
အရပ်သား
ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား
ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး
ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့်
အကြောင်း သတင်းရရှိသည်။
1000
Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့
စုစည်း ခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည်
ပြည်သူလိုလားသည့် အရပ်သား အစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း
သိရသည်။
ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု
ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း
ပုသိမ်မြို့တွင် ကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU
ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း
သိရသည်။
Subscribe to:
Posts (Atom)