အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ် အယုံအကြည်မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှ ပြောကြား သည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်တွင် ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NCA အပေါ် ယခင်ကတည်းက ယုံကြည်မှုမရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာ လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ကြောင်း ဦးဝင်းထိန်မှ ဆိုသည်။
“ဒီလက်မှတ်ထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် လုံးဝ မတက်ပါဘူး။ အကြောင်းပြချက်ကရှင်းရှင်းလေးပဲ။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ NCA ကိုရော၊ ဦးဆောင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုရော အရင်က တည်းကလည်း အယုံအကြည်မရှိခဲ့ဘူးလေ ” ဟု ဦးဝင်းထိန်မှ ပြောသည်။