ရန်ကုန်၊ မေ ၇- ပြည်တွင်းငြိမ်းချမ်း ရေးအား မျက်ကွယ်ပြုပြီး ဖွဲ့စည်း ပုံ ပြင်ဆင်ရန်အတွက်သာ လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး တို့မှ ပြောသည်။
မေ ၇ ရက် ၈၈မျိုးဆက်(ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့မှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေးမှုရလဒ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းတို့ မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများပြုလုပ်နေ သည့်အပြင် နိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များရှိနေသည့် အတွက် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံပြင် ဆင်ရန်တစ်ခုတည်းကိုသာ ပြောဆို မရဘဲ တစ်ပြိုင်တည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းတို့က ပြော သည်။