
နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းရှိ နေပြည်တော်တိုးဂိတ်တွင် သြဂုတ် ၁၇ ရက် နံနက်အချိန်က ရန်ကုန်မှ မန္တလေးသို့ မောင်းလာ သည့် မတ်တူးအမျိုးအစား ယာဉ် ကို စစ်ဆေးခဲ့ရာ ယင်းကားကို မောင်းလာသော ရှမ်းပြည်နယ်၊ မူ ဆယ်မြို့မှ ယာဉ်မောင်းမှာ ထွက် ပြေးသွားသည်။ထိုအချိန်တွင် ကားအတွင်း ရှာဖွေရာ အမျိုးသားနှစ်ဦးနှင့်အ တူတရားမ၀င်သယ်လာသော မြွေပွေး၊ မြွေဟောက်နှင့် လင်း မြွေများ ထည့်ထားသော အိတ် ၂၂ အိတ်ကို တွေ့ရှိရကြောင်း နေ ပြည်တော်တိုးဂိတ်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။