ၾသစေၾတးလ် နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လာနေတာတွေကို
တားမြစ် နိုင်ဖို့ သြစတြေးလျ အစိုးရက ပါပူဝါနယူးဂနီ PNG နိုင်ငံနဲ့
သဘောတူညီချက် ရယူခဲ့ပြီး၊ အခုအခါမှာ ခိုလှုံခွင့်တောင်းလို သူတွေကို ထိန်းသိမ်းဖို့စခန်းကို PNG ပိုင် မားနက်ကျွန်းမှာ အပူတပြင်းတည်ဆောက် တော့မှာဖြစ် ပါတယ်။
Tuesday, July 30, 2013
ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ
ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည် ခိုးယူနေသောအမှုများပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။
မိုးသည်း ထန်မှုကြောင့် ထိုင်း-မြန်မာ အရှည်ဆုံး သစ်သား တံတားကျိုး
ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ
မိုးသည်းထန် ရွာ သွန်းပြီး ရေတိုက်စားမှုကြောင့် မနေ့ညက
ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည်လျားတဲ့ ဒီတံတား
ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ
သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည်အများအပြား လာရောက်လည်ပတ် တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ၀င်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန် တိုင်းမှ အာဏာပိုင် အဖွဲ့အချို့ အမတ်များ ကို အသိ အမှတ် မပြုဟု စွပ်စွဲခံရ
ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအချို့သည်
လွှတ်တော်အမတ်များကို အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဆောင်ရာတွင်
အသိအမှတ် မပြုမှုများရှိကြောင်း မြောက် ဥက္ကလာ မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ်
ဒေါက်တာသန်းဝင်းက ဇူလိုင် ၂၉ ရက်က စွပ်စွဲပြော ကြားလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက် က သောင်ရင်းမြစ်မှာ ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ် ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)