ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက် တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့် ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တော မြို့သို့ ရောက် ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။