မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Monday, February 24, 2014
သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။
Read more »
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများ က ပြောကြားသည်။
Read more »
ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ
ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။
Read more »
တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။
Read more »
သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်
မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အေ
ရးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။
Read more »
Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
Read more »
၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ
ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
Read more »
နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့ အစည်းများက ပြောသည်။
Read more »
အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်
အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
Read more »
၂၀၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်
ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လိုအပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒိုအရေအတွက်သာများပြားနေ ပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂၀၁၅ နောက်ပိုင်း မှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
Read more »
နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ
ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
Read more »
အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေး ငယ်လေး များ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း တွင် ဖော်ပြပါရှိသည်။
Read more »
ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထား သည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။
Read more »
တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်
ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
Read more »
နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနို
င်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
Read more »
ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်
ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။
Read more »
ဖားကန့် ကျောက်စိမ်းမှော် ဒေသကို ဇာတ်အိမ် တည်ထားသည့် ပထမဆုံးသော ကချင် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးမည်
ကမ္ဘာကျော် ကျောက်စိမ်းတွင်းများ တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ကို ဇာတ်အိမ် တည်ထားသည့် ကျောက်စိမ်း မြို့တော်ဟု အမည် ပေးထားသည့် ပထမဆုံးသော ကချင် တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲကို လာမည့် သီတင်းပတ် အတွင်း စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ရိုက်ကူးမည့် ကချင် တိုင်းရင်းသား အနုပညာရှင် ဒါရိုက်တာ သရုပ်ဆောင် အဆိုတော် ဒေါင်လွဏ်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
Read more »
အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်
မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။
Read more »
3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ
ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။
Read more »
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို
မြန်မာနိုင်ငံ၏လူဦးရေအများဆုံး နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင် သူနှင့် အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရစေဟု ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည် တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ၃၃ဦး လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကိုအောင်အောင်က ကိုယ် တိုင်ကြုံတွေ့ ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။
Read more »
ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
Read more »
ရပ်ကွက်များတွင် အခွန် လိုက်လံ ကောက်ခံမည့်စနစ် စတင်ရန် စီစဉ်
နိုင်ငံ၏ ရသင့် ရထိုက်သည့် အခွန်များ ဆုံးရှုံးမှု မရှိစေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ရပ်ကွက်များ၊ ဈေးများသို့ အဖွဲ့များ ဖွဲ့၍ အခွန် လိုက်လံ ကောက်ခံရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
Read more »
ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်
K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေ ရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။
Read more »
MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတေ
ွ အကူအညီပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို
့ ရာနဲ့ချီတဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
Read more »
မိန်းကလေးများ အတွက် မှို
လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။
Read more »
မြုံနေတဲ့ ယောင်္ကျားလေးများ ကလေးရနည်း
စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့် ကလေးမရခြင်းကိုခေါ်ပါတယ်။ အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။
Read more »
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်စေချင်
တောင်ကြီးမြို့ပေါ် နေရာအနှံ့အပြားတို့တွင် ယခင်ကကဲ့သို့ လမ်းဘေး တရားမဝင် စက်သုံးဆီ အရောင်း ဆိုင်ငယ်လေးများ ဖွင့်လှစ်ရောင်းချခြင်းများမပြုလုပ်ဖို့ တင်းကျပ်စွာ တားမြစ်အရေးယူမှုများ လုပ်ဆောင်မှု ကြောင့် ယခုအခါ မြို့တွင်း၌ တရားမဝင်စက်သုံးဆီများ ရောင်းချနေမှုများမရှိတော့ပေ။
Read more »
ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများ က တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
Read more »
စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်
ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။
Read more »
ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်
ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
Read more »
တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။
Read more »
လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်
လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
Read more »
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ
ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။
Read more »
နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာ သည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။
Read more »
ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက် မည်ဖြစ်ကြော င်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ဆိုသည်။
Read more »
ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက် လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများ က ပြော ကြားသည်။
Read more »
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂
၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Read more »
၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်
Read more »
ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည် Monday,February 24, 2014
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Read more »
မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား
မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြော ကြားသည်။
Read more »
ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း
ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)