၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းက ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံ(ဓာတ်ပုံ – မေခ/ဧရာဝတီ)
ဧပြီလအတွင်း NCCT က ဦးဆောင်ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် လက်ရှိအချိန် ၌ အစိုးရနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်သူ တက်ရောက်မလဲ ဆိုတာ ကျနော်တို့ မဆွေးနွေးရသေးဘူး။ ဖိတ်စာ မရောက်သေးဘူးဗျ။ လုံခြုံရေးလည်း တာဝန်ယူ တယ် ဆိုရင် တက်လို့ ရပါတယ်”ဟု MNDAA ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောကြားသည်။