
Saturday, February 16, 2013
ဝါရှင်တန်ပြည်နယ် နျူကလီးယားဓာတ်ကြွပစ္စည်း ယိုစိမ့်

မြောက်ကိုရီးယားအပေါ် စစ်ရေးနည်းသုံးဖို့ တောင်ပိုင်းလိုလား
မြောက်ကိုရီးယားနိုင်ငံဘက်က နောက်ဆုံး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု
ပြုလုပ်ခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂအနေနဲ့ စစ်ရေးအရ အရေးယူ ဆောင်ရွက်နိုင်ရေး
ခွင့်ပြုဖို့အတွက် ဆုံးဖြတ်ချက် ချပေးဖို့ တောင်ကိုရီးယား အစိုးရက
တောင်းဆိုထားကြောင်း တောင်ကိုရီးယား ထိပ်တန်း သံတမန်တဦးက
ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းတွင် ခရမ်းလွန် ရောင်ခြည် မြင့်တက်
မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများ ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့၊ ထားဝယ်၊ ကော့သောင်း မြို့များတွင် လေထု အတွင်း ခရမ်းလွန် ရောင်ခြည် ပါဝင်မှု အညွှန်း ကိန်းများ မြင့်တက်လျက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ Myanmar Climate Change Watch ဝက်ဆိုဒ်တွင် ဖော်ပြ ထားသည်။
အပူချိန် မြင့်တက်သည့် နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အတွင်းတွင် နေပြည်တော် နှင့် အနီး တစ်ဝိုက်တွင် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းမှာ ၈ ဒသမ ၂ မှ ၉ ဒသမ ၆ အထိ၊ ရန်ကုန်မြို့တော် နှင့် အနီး တစ်ဝိုက်တွင် ၈ ဒသမ ၂ မှ ၁၀ ဒသမ ၄ အထိ ၊ မန္တလေး မြို့နှင့် အနီး တစ်ဝိုက်တွင် ၈ ဒသမ ၉ မှ ၉ ဒသမ ၁ အထိ၊ ကော့သောင်း မြို့တွင် ၁၂ ဒသမ ၄ မှ ၁၂ ဒသမ ၆ အထိ အသီးသီး မြင့်တက်လျှက် ရှိကြောင်း၊ အဆိုပါ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၈ မှ ၁၀ သည် အန္တရာယ် ရှိနိုင်မှု အလွန် မြင့်မားပြီး အညွှန်းကိန်း ၁၁ နှင့် အထက် တွင် အန္တရာယ် ရှိနိုင်မှု အလွန့် အလွန် မြင့်မားသော အခြေအနေ ဖြစ်ကြောင်း၊ အဆိုပါ ဝက်ဆိုဒ်တွင် ဖော်ပြချက် အရ သိရသည်။
“ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ပျက်စီး နိုင်တယ်၊ မျက်စိ ဆိုရင် တိမ်စွဲ နိုင်ပြီး၊ အဆိုးဆုံးက အရေပြား ကင်ဆာ ဖြစ်နိုင်တယ်။ လတ်တလော နေလောင်တာ၊ အဖုအပိန့် ထွက်တာ ဖြစ်နိုင်ပြီး ကြာရင် နှင်းခူ ဖြစ်နိုင်တယ်” ဟု အရေပြား အထူးကု ဒေါက်တာ ကျော်ကျော် ကပြောကြားသည်။
ယင်းရောင်ခြည်ကြောင့် နေလောင်ခြင်း၊ မျက်စိ ထိခိုက်ခြင်း၊ အရေပြား ကင်ဆာ ဖြစ်နိုင်ခြင်း အထိ ထိခိုက် နိုင်ကြောင်း လူထု ကျန်းမာရေး အဖွဲ့အစည်း (Public Health Organizations) က ထုတ်ပြန် ထားသည်။
TheVoiceWeekly
ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အိမ်ယာဘေးတွင်ဆန္ဒထုတ်ဖော်။
ယနေ့(16-2-2013)နေ့ နံနက်(၁၀)နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၀န်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနေထိုင်ရာ အိမ်ယာများ၏ဘေးတွင် လယ်ယာမြေအသိမ်းဆည်းခံတောင်သူများနှင့်
ဒေါက်တာဆိတ်ဖွားအရေး စိုးရိမ်သည်ဟု ကုလကိုယ်စားလှယ်ပြော
"ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့် လွှတ်တော်ကို
ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ရန် ကော်မရှင်
ဖွဲ့စည်းဆောင်ရွက်မှုအပေါ် စိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တနားက ပြောဆိုလိုက်သည်။
သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး
တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့
သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။
နေပြည်တော် ဥတ္တရသီရီ၊ ဇမ္ဗူသီရီ၊ ဒက္ခိဏသီရီမြို့နယ်များရှိ ကျူးကျော်အဖြစ် မတရား သတ်မှတ်ခံထားရသော ဘုန်းကြီးကျောင်းများကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပက်သက်၍စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာကိုစောင့်ကြည့်ပေးပါရန်ဝမ်ပေါင်ကုမ္ပဏီမှမေတ္တာရပ်ခံ
အစိုးရပိုင် စီးပွားရေး လုပ်ငန်းများကို ကော်ပိုရေးရှင်းအသွင်ပြောင်းပြီး လုပ်ငန်းအချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်
ပုဂ္ဂလိကကဏ္ဍ လှုပ်ရှားမှုများကို ပိတ်ဆို့ဖွယ်ရှိနေသည့် အနေအထားများအား
ပြောင်းလဲရန် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများကို
ကော်ပိုရေးရှင်းအသွင်ပြောင်းပြီး အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့
လွှဲပြောင်းပေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ
ရေးဆွဲသည့် စီးပွားရေးနှင့်
ရုံးအဖွဲ့မှူးက ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)မှ အရေးပေါ် သတင်းထုတ်ပြန်
အဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာကြောင်း Facebook ထုတ်ပြန်
အရှေ့တောင်အာရှ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Sing Tel မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ
မူဆယ်ဈေးကွက်သို့ နွားများအား လူနှင့်မောင်းနှင် တင်ပို့မှုများရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌
အောက်ပြည်မှနွားများအား နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ်
ကျေးရွာမှတဆင့် ကုန်တင်ကားများဖြင့် မူဆယ်ဈေးကွက်သို့ တင်ပို့ခဲ့ရာမှ
ယခုအခါတောတွင်းလမ်းကြောင်းမှ တဆင့် လူနှင့်မောင်းနှင်
ပို့ဆောင်မှုများရှိလာကြောင်း ဒေသခံတို့ကဆိုသည်။
ရဲအရာရှိ တစ်ဦးကို ပုဆိန်ဖြင့် ခုတ်သတ်
ကော့သောင်း မြို့လယ်ကောင် ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း
လမ်းတွင် ရဲအရာရှိ တစ်ဦးကို အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ်
ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
ချေမှုန်း ဖျက်ဆီးရန် ခက်ခဲ့သည့် ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ မြောက်ကိုရီးယား ပိုင်ဆိုင်
နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံ၌ ရှာဖွေ ချေမှုန်းရန် ခက်ခဲသော ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ နီးပါး ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောကြားချက် ကို ကိုးကားပြီး Asia Defense သတင်းတွင် ဖော်ပြထားသည်။ စကတ်နှင့် ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင်
ဖေ့ဘွစ်အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့
Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင်
- Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy of your Facebook data” အား Click လုပ်ပါ။
၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏
update အချက် အလက်များနှင့် ပုဂ္ဂလိကသတင်းအချက်အလက်များအား တကမ္ဘာလုံးသို့
မဖြန့်ဝေလိုပါက “Privacy Setting “ သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်။
ပြည်တွင်း ပြည်ပ မီဒီယာများ မသိဟန်ဆောင်သည့် KIA ၏ လူသစ်ဖမ်းပွဲအား မြ၀တီ မီဒီယာမှ သတင်း မီဒီယာ ကောင်စီနှင့် ဂျာနယ်များသို့ အကြောင်းကြား
(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ
လူသစ် (၁၆)ဦးအား အဓ မ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား ပြည်တွင်း ပြည်ပ
မီဒီယာများမှ ဖော်ပြခြင်း မရှိသည့် အတွက် မြ၀တီ မီဒီယာမှ အဆိုပါ
မီဒီယာများသို့ ပေးစာ တစ်စောင် ပေးပို့ခဲ့ကြောင်း မြ၀တီ ၀က်ဆိုဒ်တွင်
ဖော်ပြ ထားပါသည်။
စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး စစ်တွေမြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံ
နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ ရခိုင်ပဋိပက္ခ
စုံစမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်ဟာ မနေ့က
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ်
စစ်တွေမြို့ကိုရောက်ရှိလာပြီး ညနေပိုင်းမှာ စစ်တွေမြို့ပေါ်မှာရှိတဲ့
ရခိုင်နဲ့ မူစလင် ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး အချိန် ၁ နာရီခွဲခန့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ
ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် /
ဧရာဝတီ)
အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို
အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့်
တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန်
နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက
လိုလားလျက်ရှိကြောင်း သိရသည်။
“တရှက်က နှစ်ရှက်”
မစပ်စုတို့ ရွှေနိုင်ငံကြီးမှာ တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ထဲမှာ လူငယ်
လူလတ် အမျိုးသမီး အမျိုးသားတွေရဲ့ ပွင့်လင်း မြင်သာတဲ့ ပုံရိပ်တွေကို
ရည်ရွယ်ချက်ရှိရှိ ခိုးဝှက်ရိုက်ကူးလို့ facebook တွေ၊ ဘလော့ဂ်တွေထက်
ဖော်ပြလာကြတာ တွေလည်း ပါမယ်ထင်ပါတယ်။
အရင်က ဒီလို ကိစ္စမျိုးတွေဟာ အနုပညာရှင်တွေ အကြားမှာသာ ရှိခဲ့တယ်လို့
ဆိုရမှာ ဖြစ်ပေမယ့် အခုအခါမှာတော့ သာမန်လူတွေ အတွက်ပါ ဂရုပြုရမယ့် ကိစ္စတရပ်
ဖြစ်လာပါပြီ။
ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ၌ ဓာတ်ကြွင်း အာနိသင် ကျန်ရှိမှုနှုန်းကို သုတေသနလုပ်ရန် စီစဉ်
အမျိုးသားစီမံကိန်း ဥပဒေကြမ်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး
Photo : RFA
ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၃-၂၀၁၄၊
အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကောင်အထည်ပေါ်လာ ခဲ့ရင်
ပြည်သူတွေရဲ့ဆန္ဒတွေ အတိုင်းအတာ တစ်ခုအထိ ရောင်ပြန်ဟပ်မယ် ထင်ပါတယ် လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နျူကလီယား ခြိမ်းခြောက်မှု ကင်းဝေးရေး မြောက်ကိုရီးယား ခေါင်းဆောင်ပြောင်းဖို့လို
မြောက်ကိုရီးယားနိုင်ငံဘက်က နျူကလီယားအစီအစဉ် ဖျက်သိမ်းဖို့လုပ်ဆောင်ရာမှာ
တွေ့ ဆုံ ဆွေးနွေးမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့တင်
လုံလောက်မှာမဟုတ်ဘူးလို့ မကြာခင် ရာထူးက အနားယူတော့မယ့် တောင်ကိုရီးယားသမ္မတ
Lee Myung-bak က သတိပေး ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ လိုလားသူတိုး
ငတ်မွတ်ဘေးသင့်နေတဲ့ မြောက်ကိုရီးယားကလေးငယ်တဦး။
ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအခြေအနေ အဆိုးဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့
မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့
တရားဝင် စုံစမ်းစစ်မှုတွေလုပ်ဖို့ နိုင်ငံတကာ ရဲ့ ထောက်ခံမှုတွေ ပိုပြီး
တိုးလာနေပါတယ်။
DA14 ဂြိုဟ်ငယ် ကမ္ဘာနားဖြတ်သွား
Chebarkul ရေကန်မှ ရေခဲပြင်ပေါ် ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး စက်ဝိုင်းသဏ္ဍန် အပေါက် ဖြစ်သွားခဲ့ပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။)
2012 DA 14 လို့ခေါ်တဲ့ ဂြိုဟ်ငယ်တခုဟာ သောကြာနေ့တုန်းက ကမ္ဘာနားကနေ ဖြတ်ပြီး
ပျံသန်းသွားခဲ့ပါတယ်။ အလျား ၄၅ မီတာရှည်တဲ့ အဲဒီ ဂြိုဟ်ငယ်ဟာ ကမ္ဘာ
မြေနား ၁၆,၇၇၇ မိုင် အကွာ အထိကပ်ပြီး ပျံသန်းသွားတာဖြစ်ပြီး ဒါဟာ
ကမ္ဘာမြေကလွှတ်တင်ထားတဲ့ တချို့ ဂြိုဟ်တုတွေထက်တောင်မှ ပိုပြီးတော့
နီးကပ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ပြောပါတယ်။
ကချင်အခြေအနေမှန် ကင်တားနားသိနိုင်ဖွယ်မရှိ

Subscribe to:
Posts (Atom)