မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က
ကျင်းပသော အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်း ဆိုင်ရာ များနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ
ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့်
နှစ်ဖက်တပ်များအကြား ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ပေါ် မလာစေရန် JMC (Joint
Monitoring Commttee) များ ဖွဲ့စည်းရေး တို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း
သိရသည်။