၂၀၁၅
ရွေးကောက် အပါအဝင် လာမည့် ရွေးကောက်ပွဲများတွင် ရှမ်းတိုင်းရင်းသားပါတီ
တစ်ခုတည်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရှမ်းပါတီနှစ်ခု
ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က
ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ကို ဒုတိယအကြိမ် ထပ်မံ
ကမ်းလှမ်း လိုက်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က
ပြောကြားသည်။