ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က ဥကံ္က မြို့ပေါ်ကို ယခုအခါ ထိန်းချုပ်ထားနိုင်သော်လည်း အခြေအနေ မှာ စိုးရိမ်ရဆဲ (ဓာတ်ပုံ – Reuter)
ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က
လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေ ကို
ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင်ရွာများ မီးလောင်နေပြီး
ဒဏ်ရာရ သူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။