အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားလွှတ်တော်၌ ကျင်းပနေသည့် ကြားနာပွဲတွင် နိုင်ငံရေးပါတီကြီးအချို့ကပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ပီအာရ်စနစ်သည် အခြေခံဥပ ဒေနှင့် ညီညွတ်ခြင်းရှိ၊မရှိစိစစ်နေ ဆဲအချိန်၌ အမျိုးသားလွှတ်တော် တွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးခြင်းအပေါ် နိုင်ငံရေးပါတီ များ၏ သဘောထားအမြင်များကို အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ကြားနာပွဲပြု လုပ်နေခြင်းဖြစ်သည်။