Tuesday, August 20, 2013
ယာဉ်စစ်ဆေးသည့် ရဲအရာရှိ ဓားထိုးခံရ
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ရှေ့ရှိ
ဖူဆန်ဘုံကျောင်းရှေ့ တွင် သြဂုတ်လ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က
လုံခြုံရေးအတွက် မတ်တူးယာဉ်ကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးကို
အဆိုပါယာဉ်ပေါ်မှ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သမီးကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်
သမီးကို
အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖခင်ဖြစ်သူကို
အမှုဖွင့် တိုင်တန်းမှု တစ်ခု လှည်းကူးမြို့နယ် ညောင်နှစ်ပင် ရဲစခန်းတွင်
သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်သည်။
တညင်းသီးကြိုက်ရင် ဘယ်လိုစားမလဲ
မြန်မာလူမျိုးတို့အကြိုက်
ရိုးရာအစားအစာဖြစ်သော တညင်းသီးစားခြင်းမှာ အနောက်တိုင်းဆေးပညာရှင်
ဆရာဝန်ကြီးများ လုံးဝလက်မခံသော အစားအစာဖြစ်သည်။
ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိတ်ပြီး
အသက်အန္တရာယ်ပြု နိုင်သော အစားအစာဖြစ်သည်။ များများစားမိ၍
ဆီးလမ်းကြောင်းပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝင်ပြီး ဆီးချူရသူပင်ရှိသည်ဟု
ဆိုသည်။
ငွေမည်းများစွာဖြင့် ၀င်ရောက် ဈေးကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းသမားများကို အိမ်ခြံမြေခွန်များ တိုးမြှင့်ကောက်ခံရန် လွှတ်တော်သို့ တင်ပြ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး လွှတ်တော်သို့ တင်ပြမေးမြန်းစဉ်
ငွေမည်းများစွာဖြင့် ၀င်ရောက်ဈေး ကစားနေသည့် အတွက် အိမ်ခြံမြေ
ဈေးနှုန်းများ အဆမ တန်မြင့် တက်လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော
ငွေမည်းသမားများကို အိမ်၊ ခြံ မြေခွန်များ တိုးမြှင့်ကောက် ခံရန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်သို့
တင်ပြမေးမြန်းခဲ့သည်။
နာဂစ်ကဲ့သို့ မုန်တိုင်းကြီးများ ကျရောက်ပါက လူဦးရေ ခုနစ်သောင်းကျော် ဘေးဒဏ်ခံရနိုင်သည့် ဧရာဝတီတိုင်း ဒေသကြီးတွင် မုန်တိုင်းဒဏ်ခံများ ဆောက်လုပ်ရန် လျာထားဘတ်ဂျက် မရှိသေး
နာဂစ်ကဲ့သို့ ပြင်းထန်သော မုန်တိုင်းကြီးများ ထပ်မံကျရောက်လာပါက
ကမ်းခြေဒေသ တစ်လျှောက်ရှိ လူဦးရေ ခုနစ်သောင်းကျော်မှာ မလွဲမသွေ
ဘေးဒဏ်ခံစား ရနိုင်သည့် ဧရာဝတီတိုင်း ဒေသကြီးအတွက် ထပ်မံလိုအပ်သော
မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ရန် နိုင်ငံတော် ဘတ်ဂျက်တွင်
လျာထားနိုင်ခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေး ၀န်ကြီး ဌာနမှ ဒုဝန်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အရ သိရသည်။
Subscribe to:
Posts (Atom)