
ရုရှားနိုင်ငံတွင် ကျင်းပမည့် (၂၀၁၃)ခုနှစ်၊ မယ်စကြာဝဠာ ပြိုင်ပွဲအတွက်
နိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု အလှမယ်အားလုံး စုံလင်စွာ ရောက်ရှိလာပြီဟု
သိရှိရသည်။ အစောပိုင်းက မယ်စကြာဝဠာ ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွင်
မမျှတကြောင်း ဝေဖန်စကားများ ပြောဆိုခဲ့သည့်အတွက် ဒုတိယဆုရ အလှမယ်နှင့်
အစားထိုးမည်ဟု သတင်းထွက်ခဲ့သည့် ဂါနာကိုယ်စားပြု ဟာနီရယ်လ် ဂျာမင်သည်လည်း
မော်စကိုသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ သူမသည် အခြားသော
နိုင်ငံ(၈၅)ခုမှ ကိုယ်စားပြု အလှမယ်များနှင့် ပူးပေါင်းခွင့် ရခဲ့သည်။