ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ လူအခွင့်အရေးစံနှုန်းကို လိုက်နာပြီး ပြည်သူလူထုကို လေးစားသော တပ်မတော် (Professional Army) ဖြစ်ရန် လိုအပ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗြိတိန်သံအမတ်ကြီး နေအိမ်တွင် ဗြိတိန်ပြည်ထဲရေး ဝန်ကြီး Rt.Hon. Lynne က တိုက်တွန်းပြောကြားသည်။
Saturday, January 17, 2015
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်မှုအပေါ် မန္တလေးမြို့တွင် ရဟန်းရှင်လူ ၁၀၀၀ ခန့်က ဆန္ဒထုတ်ဖော်ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး ပြုလုပ်
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ ဖြေရှင်း မပေးနိုင်မှုအပေါ် မန္တလေးမြို့တွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက အင်အား ၁ဝဝဝ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီ ကျော်က မဟာမုနိဘုရားကြီး တောင်ဘက်ရှိ အလယ်တိုက်ကျောင်းမှ စတင်ခဲ့ပြီး လှည့်လည်ဆန္ဒ ထုတ်ဖော်မှုအပြီးတွင် ဦးပွားဘုရား အနောက်ပေါက်ရှိ မြေကွက်လပ်၌ ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ သံတံတားထိပ်နေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၉ နာရီချိန်ခန့်တွင် ဆိပ်မူကျေးရွာမှယူမာကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အား အစိုးရတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ ဆိပ်မူအစိုးရတပ်စခန်းနှင့် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် သံတံတားထိပ်နေရာသို့အရောက် ဆိုင်ကယ်မောင်းလာသော လူနှစ်ဦးအား ရပ်တန့်ရှာဖွေရာ တစ်ဦးမှာ ထွက်ပြေးသွားပြီး ကျန်တစ်ဦးအား မိုင်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။
မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့် ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာလည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းပုံရိပ်ဟု ယူဆရသောအရာကိုတွေ့ရှိဟုဆိုပြန် အတည်မပြုနိုင်မီ ခေါင်းလောင်းတွေ့ပြီဟု မပြောသင့်ကြောင်း ပညာရှင်အချို့ပြော

ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်အတွင်း ရေအောက် ပေ ၄၀၌ တွေ့ရှိရပြီဖြစ်ကြောင်း ရှာဖွေသူပုဂ္ဂလိက သင်္ဘောအရာရှိဟောင်းဦးကျော်ဝင်း ကပြောသည်။
‘‘ပုံရိပ်တစ်ခုတွေ့တယ်။ လတ္တီကျူ့ လောင်ဂျီကျူ့တွက်ပြီး ပြီ။ စက်ဝိုင်းခြမ်းနှစ်ထပ်ဖြစ်နေတဲ့ အရိပ် တစ်ခုကို ခေါင်းလောင်းလို့ တွက်ထားတယ်။ ရေအောက် ကြမ်းပြင်မှာ ထိပ်ဝတစ်ခြမ်းမြုပ် နေတာ ထူးခြားတယ်။ ဒီနေ့သက် သေပြဖို့လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။
ရာဇာမင်းကား ဓားပြတိုက်သူ ငါးဦးအား သေဒဏ်ချမှတ်ပြီး တစ်ဦးကို တစ်ကျွန်းချ
မြန်မာတွင် ဘာသာရေးနှင့်ပတ်သက်၍ သည်းခံနိုင်စွမ်းနည်းပါးမှု အမေရိကန်သတိပေး

အမေရိကန်လူ့အခွင့် အရေးအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေချိန်၌ ဘာသာ ရေးနှင့် ပတ်သက်၍ သည်းခံနိုင် စွမ်းနည်းပါးသည့် လက္ခဏာများ တိုးပွားလာနေပြီး ထိုဖြစ်ရပ်များ ကြောင့် နိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ပျက်စီးနိုင် ကြောင်း သောကြာနေ့က သတိ ပေးပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမှန်သိရန် သုတေသနစတင်ပြုလုပ်
ဒေါ်အောင်ဆန်းစု ကြည်အပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအ ဖွဲ့အစည်းများကထားရှိသည့် သဘောထားအမှန်ကို သိရှိနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့က သုတေသနပြုလုပ်နေကြောင်း သတင်းရရှိကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့ရှိ နိုင်ငံရေး ပါတီသုတေသန ဌာနက လက်ရှိတွင် နိုင်ငံရေးပါတီများထံ ကွင်းဆင်းကာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့် သဘောထားအား သုတေသနပြု လုပ်လျက်ရှိသည်ဟု ဗဟိုသုတေ သန လမ်းညွှန်အဖွဲ့မှ သိရသည်။
မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်အား ကျပ်သိန်း ၂၅၀၀၀ ကျော် လိမ်လည်သည်ဟုဆိုကာ ဗဟန်းရဲစခန်း၌ ထပ်မံအမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၂၅၃၆ သန်းကျော် (သိန်း ၂၅၀၀၀ ကျော်) လိမ်လည်သွားသည်ဟုဆိုကာ ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။
Subscribe to:
Posts (Atom)