ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီ တစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပု ဖြစ်လာမည်ဟု သတင်းရရှိသည်။
သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်များက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း သမ္မတသစ်ဦးထင်ကျော်က တာ ၀န်ပေးအပ်မည့် ၀န်ကြီးချုပ်အ မည်စာရင်းပါ စာအိတ်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးများတွင် မတ်လ ၂၇ ရက် မွန်းလွဲပိုင်း၌ တံခါးပိတ်အစည်းအ ဝေးပြုလုပ်၍ ဖွင့်ဖောက်အသိပေး ခဲ့ပြီးနောက် ၀န်ကြီးချုပ်အသစ်အ မည် စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။