အာဏာပိုင်များနှင့် ကုမ္ပဏီများက သဘာဝသယံဇာ တတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိ၊ မရှိစောင့်ကြည့် လေ့လာသော အရပ်ဘက် အဖွဲ့ အစည်းများကို ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်းများ ပြုလုပ်နေ ကြောင်း အရပ်ဘက်အဖွဲ့အစည်း များ၏ EITI လုပ်ငန်းစဉ် အပေါ် ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့ အစည်းများက တညီတညွတ် တည်းပြောကြားလိုက်သည်။
Sunday, October 12, 2014
ကိုရီးယားစိတ်စွမ်းအားကျင့်အဖွဲ့ဟုဆိုပြီး လူစည်ကားရာနေရာများတွင် သင်တန်းမိတ်ဆက်နေ
ရန်ကုန်မြို့ရှိ လူစည် ကားရာနေရာများတွင် ကိုရီးယား နိုင်ငံ၏စိတ်စွမ်းအား ကျင့်ခြင်းအဖွဲ့ဟုဆိုပြီး ကိုရီးယားလူမျိုးအချို့က လိုက်လံ မိတ် ဆက်နေေ ကြာင်း သတင်းရရှိသည်။
KIA အဖွဲ့မှ ဒေသခံနှစ်ဦးအား ဖမ်းဆီးကာ ငွေသိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး အား အောက်တိုဘာ ၉ ရက်နေ့ တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
SAMSUNG Mobile Applications ဆုရသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ချီးမြှင့်မည်
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နည်းပညာ တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် Mobile Applications ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ဆုရရှိသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ၁၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း SAMSUNG Electronic ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး Mr. Nam Sik Ahn က ပြော ကြားသည်။
ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ

ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး ထက်မနည်း သေဆုံး ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အီဘိုလာရောဂါ ကူးစက်သည့်
ကိုဘာနီမြို့ကို အိုင်အက်စ်တွေ သိမ်းလုနီးနေ
အိုင်အက်စ် အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ တူရကီကို သွားတဲ့ နယ်စပ် ဖြတ်လမ်းကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆီရီးယား နယ်စပ်က ကိုဘာနီမြို့ကို ကာကွယ် နေတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။
ဟွဒ်ဟွဒ် ဆိုင်ကလုံး အန္တရာယ် ကြိုပြင်ဆင်
ဟွဒ်ဟွဒ် လို့ အမည် ပေးထားတဲ့ ဆိုင်ကလုံး မုန်တိုင်း ဟာ ဒီမနက် မှာ အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်ခြမ်း အင်ဒြာပရာဒက်ရ် ပြည်နယ် ကို ဝင်ဖွယ်ရှိလို့ အာဏာပိုင်တွေ ဟာ ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ် ထားတဲ့ အကြောင်း တောင်အာရှ ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျီလ်မက်ဂစ်ဗရင်း က သတင်းပေးပို့ လိုက်ပါတယ်။
ဒီမုန်တိုင်း ဟာ ဘင်္ဂ္လားပင်လယ်ပြင် မှာ အရှိန်ယူယင်း အားကောင်း လာတဲ့ အတွက် ပြင်းထန်တဲ့ လေ ရော မိုးပါ၊ သယ်ဆောင် လာမှာမို့၊ အင်ဒြာပရာဒက်ရ် ပြည်နယ် အတွင်းရှိ မြေနိမ့် အရပ်နေ လူတွေ ကို ကုန်းမြင့်ရာ အရပ်ဘက်ဆီ ကို အလျင် အမြန် ရွှေ့ပြောင်း ပေးနေရပါတယ်။ အခုဆိုရင် လူပေါင်း ၅ သိန်း ကျော် ကို ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ သူတို့ အတွက် နေစရာ၊ စားစရာ၊ သောက်ရေ ပါ အသင့်ဖြစ်စေတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ လည်း ရာနဲ့ချီ ဖွင့်လှစ် ထားပေး ပါတယ်။
မြန်မာနှစ်ဦးအမှု ပြန်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ရခိုင်ကွန်ရက် တောင်းဆို
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့တောင်းဆိုလိုက်ပါတယ်။
အဲဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။
အဲဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။
ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံး
နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း ၁၂ လမ်း၊ အိမ်အမှတ် (၁၄/၃၂၅) တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၂၀ ခန့်က အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မီးသတ်ဦးစီးဌာနက အတည်ပြု
နေပြည်တော် အလျင်လိုကျေးရွာတွင် ရှေးဟောင်းဘုရား ၁၁၂ ဆူ တူးဖော် တွေ့ရှိ
နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မယဉ်သာစေတီတော် အနီးတွင် ဆွမ်းချက်ဆောင် ဆောက်လုပ်ရန်အတွက် မြေကျင်းတူးဖော်ရာမှ ရှေးဟောင်းဘုရားများတွေ့ ရှိခဲ့ကြောင်း ဦးဇော်လွင်က ပြောသည်။“မနက် ရှစ်နာရီလောက်မှာ တွေ့တာ၊ ဆွမ်းချက်ရုံဆောက်ဖို့ မြေကျင်းတူးလိုက်တာ အနက်တစ်ပေ လောက် ရောက်တော့ ဒီအုတ်ခွက်ဘုရားတွေကိုတော့တာ၊ အဲ့ဒါနဲ့ဖြေးဖြေးချင်းတူးပြီးဖော်ထားတာ၊ အားလုံးပေါင်း ၁၁၂ ဆူ ရပါတယ်” ဟု ဦးဇော်လွင်က မီဒီယာများသို့ ပြောသည်။
ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများကို ၀ိုင်းပတ်ပိတ်ဆို့မည်ဟု ဟောင်ကောင်အစိုးရ ဆန့်ကျင်သည့်အဖွဲ့ခြိမ်းခြောက်
ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လမ်းများကို ပိတ်ဆို့ထားသည့် ဒီမိုကရေစီတောင်းဆို နေသော ဆန္ဒပြသူများ ကို ဖယ်ရှားမပေးပါက ၎င်းတို့ကို ထပ်မံဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု အစိုးရထောက်ခံသူအုပ်စုတစ်ခုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။အစိုးရထောက်ခံသည့် “ဖဲကြိုးပြာလှုပ်ရှားမှု” အဖွဲ့ ပိတ်ဆို့ထားသည့်လမ်းမှ ဆန္ဒပြသူများအား အောက်တိုဘာ ၁၄ ၇က် ညမတိုင်မီ အာဏာ ပိုင်များက ဖယ်ရှားမပေးပါက မိမိတို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ၀ိုင်းပတ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါက်မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုကြောင့် တောတွင်းနေ စပါးကြီးမြွေများ လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာသည့်အတွက် ဒေသခံများ စိုးရိမ်နေ

ပုံတောင် တောင်တန်းအရှေ့ဘက်ရှိ ပေါက်မြို့အနီးမှ သစ်တောများပြုန်းတီးမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောအတွင်းနေ စပါးကြီးမြွေများ ပေါက်မြို့ပေါ်ရှိ လူနေရပ်ကွက်များနှင့် အနီးနားကျေးရွာများအထိ ရောက်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက်လိုက်သော်လည်း ငွေလက်ခံရရှိခြင်း မရှိသည့် ဖြစ်စဉ်များရှိနေ
ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက် လိုက်သော်လည်း ငွေလက်ခံရရှိခြင်းမရှိသည့် ဖြစ်စဉ်များရှိနေကြောင်း သိရသည်။
“ကျွန်မ ၂၄ ရက်ကဖြစ်တာ။ ပထမ တော်ဝင်စင်တာမှာရှိတဲ့ ကမ္ဘောဇက ATM မှာ ထုတ်တာ။ ငွေထွက်မလာဘူး။ အဲဒီမှာရှိတဲ့ လုံခြုံရေးက ပြောတယ်။ စက်ကပျက်နေတယ်တဲ့။ ဒါနဲ့ မျက်နှာချင်းဆိုင်က ပြည်လမ်းစိန်ဂေဟာမှာ သွားထုတ်တာ။ သုံးသိန်း သုံးသိန်း နှစ်ကြိမ်ပဲ ထုတ်ရသေးတယ်။ ငွေကlimitပြည့်သွားပြီတဲ့။ တစ်နေ့ ၁ဝ သိန်းအထိ ထုတ်ယူလို့ရတာ နှစ်ကြိမ်နဲ့ပြည့်သွားလို့ အဲဒါနဲ့ စက်ဌာနကို အကြောင်းကြားတယ်။
ဒေါနတောင်ကျော်ကားလမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင် အနီးတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လေးဦးသေဆုံးကာ ဆရာတော်တစ်ပါး အပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင်အနီးရှိ ခရီးသည်တင်ယာဉ်များနှင့် အလှူခံမဏ္ဍပ် အကြားတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အလယ်ဗိုလ်တဲ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁ဝ ဦး ဒဏ်ရာရရှိကာ လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)