
ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင်
အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင်
တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာ မျိုးစုံ တန် ၂၀
တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း
ကျိုင်းတုံမြို့ နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့
ပြောကြားသည်။