သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ
၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကို ဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိ လာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာ များ ရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်းအရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့ သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ် ဖမ်း ဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။