ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍
တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးအပြီး ဒေါ်အောင်ဆန်းစုကြည်အား
စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်)
ဖယ်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်ကို ဆွေးနွေးရာ၌
သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို
ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ
၇ ရက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန် တွင်
ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၉ ရက် ထုတ် ဒီလှိုင်းဂျာနယ်အတွဲ ၂ ၊ အမှတ် ၃၅
တွင် ဖော်ပြ ထားချက်အရ သိရသည်။