နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာ ကျူးကျော် ၀င်ေ ရာက်နေ ထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံ ကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ် ကိုင် တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။
Saturday, February 1, 2014
ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့်အစီအစဉ်အား ရပ်ဆိုင်းပြီး လာ မည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာ သို့ ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက် ရှိနေသော လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
တောင်ငူခရိုင် သန်းခေါင်စာရင်း ကောက်ယူရန် ပညာရေး ဝန်ထမ်း ၁၇၀၀ ကျော် သုံးမည်
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် ခြောက်မြို့နယ် ဖြစ်သော တောင်ငူ၊ ထန်းတပင်၊ ရေတာ ရှည်၊ ကျောက်ကြီး၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်တို့တွင် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကောက်ယူ မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အခြေခံပညာ ဦးစီးဌာနမှ ပညာရေး ဝန်ထမ်း ၁၆၇၇ ဦးနှင့် အရန်အင်အား ၈၄ ဦး အပါအဝင် ဆရာ၊ ဆရာမ ၁၇၀၀ ဦးကျော်ကို အသုံးပြုသွား မည် ဖြစ်ကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက ပြောကြားသည်။
ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး ပွဲသို့ တက်ရောက် ဆွေးနွေးသည်။
တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်
သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက် ရှိရာ ဇန်န၀ါရီ လ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။
မူလတန်းအဆင့်တွင် တိုင်းရင်းသား ဘာသာစကားနှင့် သင်ကြားရန် တောင်းဆို
တိုင်းရင်းသား ဒေသများရှိ မူလတန်းအဆင့် စာသင်ကျောင်းတို့တွင် ပြဋ္ဌာန်း သင်ရိုးညွှန်းတမ်း များကို သက် ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားနှင့်သာ သင်ကြားပေးရန် ဇန်နဝါရီလ ၃၁ ရက်နေ့ ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပသော မိခင်ဘာသာစကား သင်ကြားမှု တိုးမြှင့်ရေး ဆွေးနွေးပွဲ တက်ရောက် လာသူ တိုင်းရင်းသား ကိုယ်စားလှယ်များက တောင်းဆို လိုက်သည်။
မကွေးတိုင်းဒေသကြီးတွင် စက်ရုံအလုပ်ရုံများ လုပ်ပေးရန် ကုန်သည်ကြီးများအသင်း တင်ပြ
အလုပ်အကိုင်
အခွင့်အလမ်း ရှားပါးသော မကွေးတိုင်းဒေသကြီးတွင် လူအများစုအတွက်
အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စက်ရုံအလုပ်ရုံများလုပ်ဆောင်ပေးရန်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှ င့် တွေ့ဆုံစဉ် မကွေးမြို့
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တင်ပြထားကြောင်း
ယင်းအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်က ထုတ်ဖော် ပြောကြားသည်။
မေတ္တာလှိုင်းခရီးသည်တင်ယာဉ်တစ်စီးဘရိတ်ပေါက် ကိုယ် ဝန်ဆောင် တစ်ဦး ဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃) ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင် ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင် ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃၈ ရာခိုင်နှုန်းသာ ပြည်သူ့ ဆန္ဒဖြင့် ရွေးချယ်နိုင်ခဲ့ဟု ၈၈ ထုတ်ပြန်
ပြည်သူ့ကိုယ်စားပြု ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ၃၈ ရာခိုင်နှုန်းသာ ပြည်သူ လူထုက အမှန်တကယ် ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား
Add captio(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်) |
ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့ အချိန်တွင် ထို့ထက် ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က မကွေးမြို့ သံဃာ ရာမကျောင်း တိုက် ၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပ ခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။
ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ
ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း က ပြောပါတယ်။
ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု ကုလထုတ်ပြန်ချက် ပြန်ရုပ်သိမ်း ရန် မောင်တော၊ ဘူးသီးတောင်တွင် ဆန္ဒပြမည်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီ များ အသတ်ခံရသည်ဟု ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန် ချက်ကို ပြန်ရုပ်သိမ်းရန် မောင်တောနှင့် ဘူးသီးတောင် မြို့တို့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ဒေသခံ များ ထံမှ သိရှိရသည်။
Justin Bieber ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ ရဲ အရေးယူခံရ
ကနေဒါ နိုင်ငံသား ပေါ့ပ်အဆိုတော် Justin Bieber ထိန်းသိမ်းခံရစဉ်အတွင်း ဓါတ်ပုံရိုက်ဖို့ သင့် တင့်လျောက်ပတ်မှုမရှိစွာ ကြိုးစားမှုနဲ့ မိုင်ယာမီက အမျိုးသမီးရဲအရာရှိ တယောက်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ရဲတွေက ပြောပါတယ်။
သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ
ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့်ပတ်သက်ဆက်နွှယ်ခဲ့သော စီးပွားရေး လုပ်ငန်း ရှင်များအကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွား သည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်း စာတိုက်နှင့် နီးစပ်သူ များထံမှ သိရှိရသည်။
ကြယ်ငါးပွင့်ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (၀င်းဟောင်း) နယ်မြေရှိ မြေခုနစ်ဧကကျော် အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ပြု
နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall စီးပွားရေးအဆောက်အအုံနှင့် Service Apartment လုပ်ငန်းများလုပ်ကိုင်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(၀င်းဟောင်း)နယ်မြေ ရှိ မြေ ခုနစ်ဧကကျော်အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေး ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)