သကြားသည် စွဲလမ်းစေနိုင်သည်။ သို့သော် သကြားကို လွန်ကဲစွာ စားပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သကြားကို လိုအပ်သည့် ပမာဏထက် ပို၍မစားမိစေရန် ရှောင်နိုင်သမျှ ရှောင်ရှားသင့်သည်။သကြားအလွန်အကျွံစားသုံးခြင်း၏ဆိုးကျိုးများကို အာဟာရ ပညာရှင်နှင့် ကိုယ်အလေးချိန်လျှော့ချရေးအတိုင်ပင်ခံ ဒေါက်တာ ဆမ်ရန်ဆိုင်နီက ရှင်းပြထားသည်။
အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားကို လက်ဖက် ရည်ဇွန်းခြောက်ဇွန်းထက်ပို၍ မစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပို၍မစားသင့်ဟု ကျွမ်းကျင်သူများက အကြံပေးထားသည်။
ကျွန်တော်တို့အများစုမှာ သကြား၏ဆိုးကျိုးများကို(သို့မဟုတ်)စားသင့်သောပမာဏကို စဉ်းစားခြင်းမရှိဘဲ အလွန်အကျွံ စားသုံး တတ်ကြသည်။ အရသာကောင်းအောင်၊ တာရှည်ခံအောင် ဖန်တီး ထားသော အစားအစာများတွင် သကြားပမာဏများစွာပါဝင်သည်။ အအေးသံဘူးတစ်ဘူးတွင် သကြားခုနစ်ဇွန်းအထိ ပါဝင်သည်။ အအေးခွက်ကြီးတစ်ခွက်တွင် သကြားလက်ဖက်ရည်ဇွန်း ၄၄ ဇွန်းအထိ ပါဝင်နိုင်သည်။