ဦးဆန်းဆင့်၏ ကျန်းမာရေးအရ အချုပ်လွတ်ထုချေခွင့်လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
‘‘မန္တလေးမှာ အာမခံအသစ် ပြန်လျှောက်တာကို ပလပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးဘဲနဲ့ အကျဉ်းနည်းနဲ့ ပလပ်တယ်’’ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက ပြောသည်။
ဦးဆန်းဆင့်၏ အချုပ်လွတ်ထုချေခွင့်ယူရန် လျှောက်ထားမှုကို ဒက္ခိဏခရိုင် တရားရုံးက ပထမအကြိမ်ပယ်ချခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလျှောက်ထားရာ ပယ်ချလိုက်ကြောင်း ဦးတင်ထွန်းက ပြောသည်။