မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Saturday, October 25, 2014
ကိုယ့်ချစ်သူနဲ့ ငြင်းခုံရန်ဖြစ် တဲ့ အချိန်မှာ ဒီလို နည်းလေးတွေ က ပြန်လည် အဆင်ပြေသွားစေမှာ
ချစ်သူတွေ ရန်ဖြစ်ကြတယ်၊ ပြဿ နာတက်ကြတယ်ဆိုတာကတော့ အချိန်ကာလတစ်ခု တွဲပြီးတာနဲ့ ရှောင်လွှဲလို့မရတဲ့အရာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် နှစ်ဦးသား ရန်ဖြစ်တာထက် ကိုယ့်ဘက်က ဘယ်လိုထင်တယ်၊ သူ့ဘက်က ဘယ်လိုယူဆတယ်ဆိုတာမျိုး ပိုမိုသိရှိလာဖို့ပါ။
Read more »
ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရ
တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို ဝေမျှ တတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀ ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက် နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့ ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်လာ ဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။
Read more »
အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၁ ဦးသေဆုံး
အမေရိကန် နိုင်ငံ ၀ါရှင်တန် ပြည်နယ် မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်း တွင် အောက်တိုဘာ ၂၄ ရက်က အသက် ၁၅ နှစ်အရွယ် ကျောင်း သား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသူတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား ကျောင်းသား ကျောင်းသူ လေးဦးမှာလည်း ဆေးရုံသို့ တင်ပို့ ထားရကြောင်း သိရသည်။
Read more »
ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….
မြန်မာလူမျိုး တို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကော မပျောက်ကွယ် သွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။
Read more »
ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု ကိုလျော့နည်းစေနိုင်
PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေ နဲ့ အခြားပလတ် စတစ်နဲ့ ပြုလုပ်တဲ့ အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုကိုလျော့နည်းစေ ပါတယ်။လိင်မှုကိစ္စ တက်မက် မှု လျော့ နည်းခြင်း ဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။
Read more »
ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်
ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှု ရှိစေရန် အခမဲ့သင်ကြားပေးပြီး အလုပ်အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရ သည်။
Read more »
စစ်ဆင်ရေးအတွက် တစ်နှစ်လုံး ကျပ်သန်း ၃၀၀ အသုံးပြုမည်
စစ်ဆင်ရေးလုပ် ငန်းများဆောင်ရွက်ရန် တစ်နှစ် လုံး အသုံးစရိတ်အဖြစ် ကျပ်သန်းသုံးရာ သုံးစွဲမည်ဖြစ်ကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့် စွက်ခွင့်ပြုငွေတွင်ပါရှိသည်။
Read more »
ဟောင်ကောင်အစိုးရ၏ အဆိုပြုချက်များကို ဒီမိုကရေစီ သပိတ်မှောက်သူများ မဲပေးရွေးချယ်ရန် စီစဉ်
ဟောင်ကောင် ဒီမိုကရေစီသပိတ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရဘက်က ချပြမည့် အဆိုပြုချက်များကို ဆန္ဒပြသူများက မဲခွဲဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
Read more »
အီဂျစ်လုံခြုံရေးဝန်ထမ်း ၃၃ ဦး အသတ်ခံရမှုကြောင့် ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာ
အီဂျစ်နိုင်ငံ စီနိုင်းကျွန်းဆွယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခိုက်မှု ၂ ခုကြောင့် လုံခြုံရေးဝန်ထမ်း ၃၃ ယောက် အသတ်ခံခဲ့ရအပြီး အီဂျစ်အစိုးရက ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ အစိုးရမီဒီယာ က အစီရင်ခံပါတယ်။
Read more »
အရက် စွဲနေသူများအတွက် အကောင်းဆုံး ဓာတ်စာများ
အရက်အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည်ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေနဲ့ အဆီမပါတဲ့ တစ်သျှူးနည်းပါးသူတွေဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ အင်ဇိုင်းနည်းပါးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက်စွဲခြင်း အရက်စွဲသူရဲ့ လက္ခဏာတွေ ကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည်မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်းအဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ဖြစ်တယ်။ အရက်နာမကျအောင် အရက် မသောက်မီ နွားနို့တစ်ခွက်နဲ့ ကြက်ဥ အစိမ်းတစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့အခါ အမြည်းများများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့အရက် (ချက်အရက်၊ မှောင်ခိုဝင်လာတဲ့အရက်) များ ရှောင်သင့်တယ်။
Read more »
ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးစက် များဖြင့် ပြုပြင်ဆောင် ရွက် သွားမည်
ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးကုန်ရာသီတွင် ယခင်နှစ်များထက် မြစ် ရေကျဆင်းမှု ကြီးမားလျက်ရှိရာ မုံ ရွာ-ကလေးဝ-ဟုမ္မလင်းချင်း တွင်း ရေကြောင်းခရီးစဉ်တွင် မင်းကင်း ဆိပ်ကမ်းသည် သဲသောင်ပြင်များ စောစီးစွာ ပေါ်ထွန်းလာနေခြင်း ကြောင့် ရေယာဉ်များ ဆိုက်ကပ်ရန် ခက်ခဲမှုများ ရှိလာသည့်အတွက် ရေလမ်းကြောင်း ကောင်းမွန်စေ ရန် သောင်တူး စက်ယန္တရားကြီး များဖြင့် ရေလမ်းကြောင်း ကို ပြု ပြင် သွားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
Read more »
မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ
နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
Read more »
အကျိတ်များကို ချေဖျက် နိုင်သည့် မျိုးရိုးဗီဇသစ် ခုနစ်ခု သုတေသီများ တွေ့ရှိ
သုတေသီများသည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာအကျိတ်များကို ချေဖျက်နိုင် သည့် မျိုးရိုးဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။
Read more »
အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြ ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။
Read more »
အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။
Read more »
နှစ်ပေါင်း ၂ဝ ခန့် သုံးနိုင်ပြီး နှစ်မိနစ် အတွင်းပြန်လည် အားသွင်း နိုင် သည့် ဘက်ထရီသစ် တစ်မျိုး စင်ကာပူ သိပ္ပံ ပညာရှင်များ ထုတ်လုပ်
စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နှစ်မိနစ်ခန့် အားသွင်းရုံဖြင့် ၇ဝရာခိုင်နှုန်း အားပြည့်နိုင်သည့် လီသီယမ် အိုင်ယွန် ဘက်ထရီ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု သိရသည်။ လီသီယမ်အိုင်ယွန် ဘက်ထရီများကို ယေဘုယျအားဖြင့် တယ်လီဖုန်းများနှင့် Tablet များတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုထုတ်လုပ်နေသည့် လီသီယမ်အိုင်ယွန် ဘက်ထရီကို ဆယ်စုနှစ် နှစ်ခုကြာခန့်အထိ အသုံးပြုနိုင်အောင် သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။
Read more »
ဆူဇူကီးဖလားပြိုင်ပွဲတွင် ရလဒ်ကောင်းရန်အတွက် ယူ-၁၉အသင်းမှကစားသမား ၅ ဦး ထပ်မံအားဖြည့်
ဆူဇူ ကီးဖလားယှဉ်ပြိုင်ရာတွင် လူအင် အားတောင့်တင်းရန် ယူ -၁၉အ သင်းမှ ကစားသမားငါးဦးကို ခေါ် ယူထားကြောင်း မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်မှ သိရသည်။
Read more »
ဂျော်ဒန်သွားမယ့် အလုပ်သမား ၁၈ ဦးကို ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်း
ဂျော်ဒန်သွားဖို့ စီစဉ်နေသူ ၁၈ ဦးကို ဒီနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
Read more »
ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၆,၀၀၀ ကျော် တောင်းခံထား
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအ တွက် ကျပ်သန်းပေါင်း ခြောက် ထောင်ကျော် တောင်းခံ ထားပြီး စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းအချို့ ဈေးများနေသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။
Read more »
Ibadan မြို့တော်က ရထားလမ်းပေါ် လူတစ်ဦး ခန္ဓာကိုယ်နှစ်ပိုင်း ပိုင်းဖြစ်ခံရ
အောက်တိုဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ၅ နာရီခွဲအချိန်ခန့် Ibana ဒေသမှာ ကံဆိုးမိုးမှောင်ကျရောက်တဲ့ ညနေခင်းတစ်ခုရောက်ရှိခဲ့ပါတယ်။
Read more »
တရုတ်တွင် အခြေစိုက်၍ ကျပ်တစ်သောင်းတန်အတု ထုတ်လုပ်မှု မြန်မာ သုံးဦးကိုစစ်ဆေးနေ
တရုတ်နိုင်ငံတွင် အခြေ စိုက်၍ မြန်မာငွေတစ်သောင်း တန်အတုများထုတ်နေသူအချို့ ကို မြန်မာနှင့် တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးကာ ယင်းအမှုနှင့် ပတ်သက်နေသော မြန်မာနိုင်ငံ သားသုံးဦးကို စစ်ဆေးနေကြောင်း နေပြည်တော် ငွေကြေးစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ သတင်း ရရှိသည်။
Read more »
စစ်ကိုင်းတိုင်းတွင် ကိုးလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူသုံးရာနီးပါး သေဆုံး
ဆိုင်ကယ်အသုံးပြုသူ များပြားပြီး ယာဉ်မတော်တဆမှု အဖြစ်များသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၀၂၃ မှု ဖြစ်ပွားခဲ့ပြီး ကျား၊ မ စုစုပေါင်း ၂၈၅ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲ မှူးရုံး စာရင်းများအရ သိရသည်။
Read more »
မော်ရင်ဟိုမှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး နည်းပြဟု နည်းပြ လူးဝစ္စဗန်ဂါးလ် ချီးကျူး
မန်ယူနှင့် ချဲလ်ဆီး ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် နည်းပြဗန်ဂါးလ်က ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ချီကျူးမှုများ ပြုလုပ် လိုက် သည်။ မော်ရင်ဟို နည်းပြမဖြစ်မီ ဘာစီလိုနာတွင် မိမိလက်ထောက် အဖြစ် ရှိစဉ်ကတည်းက မော်ရင်ဟို၏ အရည်အသွေးများကို သတိ ထားမိခဲ့ကြောင်း နည်းပြ လူးဝစ္စဗန်ဂါးလ်ကဆိုသည်။
Read more »
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့်သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။
Read more »
လိပ်ကျွန်းလူသတ်မှု ပြန်သုံးသပ်ရန် ထိုင်းရဲကို ကော့စမွေခရိုင် ဥပဒေရုံး ညွှန်ကြား ထား
ကော့စမွေကျွန်း အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်းကို သွားရောက်တွေ့ဆုံနေသည့် မိသားစုဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
မြန်မာနိုင်ငံသားနှစ်ဦးကို ဗြိတိန်စုံတွဲသတ်မှုဖြင့် တင်လာသည့်အမှု ပြန်လည် စစ်ဆေးရန် ကော့စမွေခရိုင် ဥပဒေရုံးက ထိုင်းရဲတပ်ဖွဲ့ ကို ညွှန်ကြားလိုက်သည်ဟု မြန်မာသံရုံး စုံစမ်းရေးအထူးအဖွဲ့ဝင် တရားလွှတ် တော်ရှေ့နေ ဦးအောင်မျိုးသန့်က အောက်တိုဘာ ၂၄ ရက်တွင် မဇိ္ဈမကို ပြောသည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)