Monday, November 10, 2014
ထိုင်းလူသတ်မှုအတွက် စွပ်စွဲဖမ်းဆီးခံ မြန်မာနှစ်ဦးအမှု နိုဝင်ဘာ ၂ဝရက် နောက်ဆုံးအမှုတွဲ မတင်နိုင်ပါက မြန်မာနှစ်ဦးကို အချုပ်မှလွှတ်နိုင်ဖွယ်ရှိဟုဆို
အခြေခံပညာရေးဥပဒေအရ ကျောင်းသားများ၏ အဆင့်အတန်းနှင့်ညီမျှသော ပညာရေးကို မရရှိပါက တရားစွဲဆိုပိုင်ခွင့် ရရှိမည်ဟုဆို
အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဦးအောင်သောင်း အမည်မည်းစာရင်းသွင်းခံရခြင်းကို ကန့်ကွက်ရှုတ်ချမှု ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ
အနောက်နိုင်ငံများ စီးပွားရေးပိတ်ဆို့မှုကြောင့် တရုတ်သာအမြတ်ရရှိသွား အမေရိကန်စီးပွားရေးပိတ်ဆို့မှု ခုတ်ရာတခြား ရှရာတခြား ဖြစ်နေဟုဆို
အနောက်နိုင်ငံများက မြန်မာနိုင်ငံအား နှစ် ၂၀ ကျော် စီးပွားရေးပိတ်ဆို့မှု
ကြောင့် တရုတ်နိုင်ငံကသာ အကျိုးအမြတ်ရရှိသွားပြီး ထိုသို့အမေရိကန်နိုင်ငံက
စီးပွားရေးပိတ်ဆိုမှုသည် ခုတ်ရာတခြားရှရာတခြားဖြစ်နေကြောင်း ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမ၌ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော အမေရိကန်စီးပွားရေး
ပိတ်ဆို့မှုကြောင့် မြန်မာလူထုအပေါ်သက်ရောက်မှုများ ဆွေးနွေးပွဲတွင်
ဒေါက်တာမြင့်ဆန်းက ယင်းကဲ့သို့ ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟု ဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူထားသည့် စိစစ်ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်သမ္မတအား ပြောကြား

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဟုဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူ ထားသည့် စိစစ် ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ် သမ္မတ အား နိုဝင်ဘာ၉ရက်နေ့က ပေကျင်း တွင်တွေ့ဆုံစဉ် ပြောကြား ခဲ့သည် ဟု သိရ သည်။
အနည်းဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမည်

မြန်မာနိုင်ငံတွင် အနည်ဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အပါအဝင် အချက်ခြောက်ချက် ရရှိရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ခေါင်းဆောင် ဦးရဲလင်းဟိန်းက ပြောကြားသည်။
ကနဦး အစီအစဉ်အရ ရန်ကုန်မြို့တော် ဆူးလေဘုရားအနီး၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်မပြုဘဲ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းတွင်သာ ဆန္ဒထုတ်ဖော်ခွင့် ပြုသဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ၎င်းကဆိုသည်။
တစ်ရက်တည်းတွင် သေမှုသေခင်း ခြောက်မှု ရန်ကုန်၌ ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ငါးမြို့နယ်အတွင်း နိုဝင်ဘာလ ၃ ရက်နေ့ တစ်နေ့အတွင်းသေမှုသေခင်း ခြောက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီ ၅၀ ခန့်တွင် ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်ထဲတွင် လူတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ထိုနေ့ နံနက် ၉ နာရီ ၂၀ အချိန်ခန့်ကလည်းကျောက်တန်းမြို့နယ် ဇွဲဘာကုန်းကျေးရွာ ချောင်းကမ်းစပ်တွင် အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။
IS ခေါင်းဆောင် ဒဏ်ရာရတဲ့ သတင်းထွက်
IS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ လေကြောင်း ထိုးစစ်တခုကြောင့် ဒဏ်ရာရသွားတဲ့အကြောင်း အီရတ်အစိုးရ တာဝန်ရှိ သူတွေက ပြောဆိုခဲ့ပေမဲ့ အမေရိကန် စစ်ဌာနချုပ်ကတော့ အတည်မပြုပါဘူး။
အီရတ်နိုင်ငံမြောက်ပိုင်းက Mosul မြို့မှာ သောကြာနေ့တုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် ဒဏ်ရာရခဲ့တဲ့အကြောင်း အတည်ပြုချက်ကိုတော့ အီရတ်ကာကွယ်ရေး ၀န်ကြီး Khalid al-Ubaydi က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ အီရတ်ပြည်ထဲရေး ၀န်ကြီး ဌာနကလည်း AP သတင်းဌာနကို အတည်ပြုခဲ့သလို တခြားသတင်း တော်တော်များများမှာတော့ IS ခေါင်းဆောင် Baghdadi ရဲ့ အနီးကပ် လူယုံ တွေထဲကတဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။
တရုတ်ဘက်သို့ KIA သစ်ခိုးထုတ်နေမှု ဘယ်လိုတားဆီးမလဲ
ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်တွင် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တရုတ်သစ်ကုန်သည်များနှင့်ပူးပေါင်းကာ တရုတ်နိုင်ငံဘက်သို့ သစ်ခိုး ထုတ်မှုများရှိနေကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
“အရင်လမ်းဟောင်းအတိုင်း သွားလာနေတာပဲ၊ တိုက်ပွဲတွေကလည်း မဖြစ်တော့ဘူးဆိုတော့ KIA အဖွဲ့က သစ်မှောင်ခို ပြန်စနေပြီ၊ တရုတ်ကုန်သည်တွေ ဒီရက်ပိုင်း ခြေရှုပ်နေတာမြင်တယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
အမြန်လမ်းတွင် အီလက်ထရောနစ် ငွေကြေးကောက်ခံမှု စနစ်တပ်ဆင်ရန် ကုမ္ပဏီရှစ်ခု အဆိုပြုလွှာတင်သွင်း

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်း အီလက်ထရောနစ် ငွေကြေးကောက်ခံမှု (Electronic Toll Collection) စနစ် ပြောင်းလဲ တပ်ဆင်ရန် ကုမ္ပဏီရှစ်ခုက စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ လာရောက်တင်သွင်းထားသည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခင်အသုံးပြုသည့် လမ်းအသုံးပြုကောက်ခံ ရေးစနစ်ကို ETC (Electronic Toll Collection) စနစ်သို့ ပြောင်းလဲတပ်ဆင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အဆိုပြုလွှာ ခေါ်ယူထားရာ ကုမ္ပဏီရှစ်ခုက အဆြိုပုလွှာများ လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆိုမှု ဦးသိန်းစိန် ပယ်ချ

အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
အိုဘားမား မိန့်ခွန်းပြောမည့် စိန်ရတုခန်းမ ပြင်ဆင်ရန် Excellent Unit လေလံအောင်

အမေရိကန်သမ္မတ အို ဘားမားမိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမ ပြင်ဆင်ခြင်းလုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unit ဆောက်လုပ်ရေးကုမ္ပဏီက လေ လံအောင်သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေး ခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unit ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေး ခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unit ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်
အမေရိကန်၏ စီးပွားရေးပိတ်ဆို့ လျှော့ချခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကြီးမှူး၍ နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် စာရေးဆရာ သန်းစိုးနိုင်၊ မြန်မာ့ရေးရာဂျာနယ်မှ အယ်ဒီတာ ဦးမော်လင်းနှင့် စီးပွားရေး သုတေသီ ဦးမြင့်စံတို့က အဓိက ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စာရေးဆရာ သန်းစိုးနိုင်၊ မြန်မာ့ရေးရာဂျာနယ်မှ အယ်ဒီတာ ဦးမော်လင်းနှင့် စီးပွားရေး သုတေသီ ဦးမြင့်စံတို့က အဓိက ဆွေးနွေးခဲ့ကြသည်။
Subscribe to:
Posts (Atom)