ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တာဟိုနားကျေးရွာနေ လယ်သမားတစ်ဦးအား ဇူလိုင် ၁၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့တွင် ငွေပေး ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။