သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ရှင်းလင်းစဉ်
မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေသည့် အမွေအနှစ်များထဲတွင် ရာသီဥတုလည်း ပါဝင်ပြီး ရာသီဥတု ပြောင်း လဲခြင်းဆိုင်ရာ မူဝါဒမရှိပါက ရေရှည်၌ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည် ဟု ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ပြု လုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီနှင့် ဂျာမနီအခြေစိုက် Konrad Adenauer Siugung (KAS) တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး (The Politics of Climate Change)အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်နှင့် သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူတို့က ဆိုသည်။