From- ဧရာဝတီ
၅၇ နိုင်ငံဖွဲ့စည်းထားသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း
Organisation of Islamic Cooperation (OIC) က ရခိုင်ပဋိပက္ခများနှင့်
ပတ်သက်၍ အချက်အလက်ရှာဖွေ စိစစ်ရန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့
မြန်မာနိုင်ငံသို့ စေလွှတ်ရန် ရှိပြီး မြန်မာအစိုးရက လက်ခံခွင့်ပြုရန်
တောင်းဆိုလိုက်သည် ။ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒ္ဒါမြို့တွင် တနဂ်နွေနေ့က ကျင်းပသော
အလုပ်အမှုဆောင် အဖွဲ့ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ကြေညာရာ OIC
အထွေထွေအတွင်းရေးမှူး မစ္စတာ အက်မီလဒ်ဒင် အီစနိုဂလူးက “ရိုဟင်ဂျာ
လူနည်းစုများ၏ ဒုက္ခကို လုံခြုံရေးကောင်စီ အနေဖြင့် အာရုံစိုက်လာရေး
တိုက်တွန်းရန် ကုလသမဂ္ဂရှိ မိမိတို့၏ ရုံးများကို ညွန်ကြားထားသည်” ဟု
ဆိုသည်။