မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Thursday, March 13, 2014
ပြည်တွင်း စီမံကိန်းများတွင် အမေရိကန်ဒေါ်လာသန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ရိုးမဆို
နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YOMA Strategic Holdings က မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
Read more »
လိင်ဇာတ်ကား ရိုက်ကူးမည် မဟုတ်ကြောင်း ဇာဇာထက်နှင့် ဇွန်သင်ဇာ ငြင်းဆို
ယခုတစ်လော လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားနေကြသည့် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတ တို့သည် လိင်အသားပေး ချစ်ခန်းကြိုက်ခန်းများ ပါဝင်သည့် ဇာတ်ကား ရိုက်ကူးမည့် သတင်းသည် မဟုတ်မှန်ကြောင်း မဇ္ဈိမ၏မေးမြန်းမှုကို ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ငြင်းဆိုလိုက်သည်။
Read more »
အစိုးရဘက်ကတော့ အသရေဖျက်မှုလိုဟာမျိုးနဲ့တရားစွဲတာမျိုး မရှိပါဘူးဟု ဦးရဲထွဋ်ပြော
မီဒီယာများမှာ ကြုံတွေ့နေရသည့် ကိစ္စတချို့မှာ သတင်းစာကျင့်ဝတ် နားမလည်၍ ဖောက်ဖျက်မိသဖြင့် အဖမ်းခံရခြင်း၊ တရားစွဲခံရခြင်းများ အပေါ်မှာ စာပေစိစစ်ရေးမှ ဖြေလျှော့စေသောအပိုင်းများ ရှိသော်လည်း မီဒီယာများမှစိုးတထိတ်ထိတ်နှင့် လုပ်ကိုင်နေရသည့် အပေါ်ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းဖြစ်ခဲ့ပါသည်။
Read more »
မလေးရှားလေယာဉ် MH370ရှာဖွေကယ်ဆယ်ရေး တပ်မတော်ရေမှ စစ်ရေယာဉ်မျာကူညီဆောင်ရွက်
မတ် ၈ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ပေကျင်းသို့သွားသော မလေးရှားလေကြောင်း လိုင်း ပိုင် ခရီးသည် ၂၃၉ ဦးပါ ခရီးသည်တင် လေယာဉ်တစ်စီး တောင်တရုတ်ပင်လယ်အတွင်း ပျောက်ဆုံးမှုကို မြန်မာ့တပ်မတော်(ရေ)မှ စစ်သင်္ဘောသုံးစင်းဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ပျောက်
Read more »
စည်ပင်ပိုင်မြေဟုဆိုကာ တရားစွဲခြင်းကို ရွှေသန်လျင်လူမှုရေးအဖွဲ့က ကန့်ကွက်မည်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ဓမ္မရတနာလမ်းရှိ ရွှေသန်လျင်အခမဲ့ဆေးခန်းကို စည်ပင်ပိုင်မြေ ဟု ဆိုကာ တရားစွဲခြင်းကို ကန့်ကွက်ပွဲပြုလုပ်မည်ဟု ရွှေသန်လျင် ပရဟိတ လူငယ် နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက မတ်လ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
Read more »
ဗိုလ်ချုပ် ဂွမ်မော်အား အရေးယူမှုနှင့်ပတ်သက်၍ ကချင်လူထုအများစု ကျေနပ်မှုမရှိ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်ကမ်းကြိုဆိုပြီး လိုင်ဇာညီလာခံကို ဦးဆောင် ဦးရွက်ပြုလုပ်ပေးခဲ့တဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို ကချင်အဖွဲ့ အစည်း ဖြစ်တဲ့ KIO ထိပ်ပိုင်းခေါင်းဆောင်တွေက လွန်ခဲ့တဲ့တစ်ပတ် လောက်ကတည်းက လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက်တယ်ဆိုပြီး ကချင်လူထုကြားထဲမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read more »
စစ်တပ်မရှိက ပဋိပက္ခပြန်ဖြစ်နိုင်ဟု ရခိုင်ပြည်နယ်ရောက် ဦးဝီရသူ မိန့်ကြား
ရခိုင်ပြည်နယ်သို့ အမျိုးဘာသာစောင့်ရှောက်ရေး တရားများဟောကြားရန်ဟုဆိုကာ ရောက်ရှိနေသည့် ဦးဝီရသူက ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို ရုတ်သိမ်းလိုက်ပါက ပဋိပက္ခဖြစ်ပွားနိုင် သည်ဟု မတ် ၁၂ ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။
Read more »
နယူးယောက်မှာ ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်
ပေါက်ကွဲမှုကြောင့် ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွား
အမေရိကန် နယူးယောက်မြို့မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ ရာမှာ ပေါက်ကွဲမှုဟာ ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာလို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။
Read more »
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန်
ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း အခြေအနေ များကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင် ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ် ထုတ်ပြန်လျက် ရှိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
Read more »
မလေးရှား လေယာဉ် ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်းထုတ်သည့် သတင်းမမှန်
မလေးရှား လေယာဉ် ပျောက်ဆုံးမှု အတွက် လေဆိပ်မှာ နတ်ဆရာ ပင့်ဖိတ်ကာ အစီအရင်များဖြင့် ဆုတောင်း နေစဉ်
မြန်မာနိုင်ငံ၏ နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာရှင်များ ဖြစ်ကြသော စံဇာဏီဘိုနှင့် ဦးဇေယျာကိုတို့က တောင်တရုတ် ပင်လယ်ပြင်ပေါ်တွင် မတ်လ ၈ ရက်နေ့ကတည်းက ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်နှင့် ပတ်သက်၍ ဟောကိန်း ထုတ်ထားသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ပညာရှင် နှစ်ဦးစလုံးက The Voice သို့ အတည်ပြု ပြောကြားသည်။
Read more »
မြန်မာကို ပေါင်သန်း ၁၀၀ ကူညီရန် ဗြိတိန်အမတ်များ တိုက်တွန်း
မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်အောင်လုပ်ဖို့ ဗြိတိန်က မြန်မာကို အကူအညီ စတာ လင်ပေါင် သန်း ၆၀ ကနေ ၁၀၀ တိုးပေးဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တိုက်တွန်း ပြောဆိုလိုက်ပါ တယ်။
Read more »
မြန်မာ့ဒီမိုကရေစီ နုနယ်သေးကြောင်း ကုလ ကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေ ဆဲဖြစ်ပြီး၊ အဖွဲ့အစည်း အားလုံးလောက်မှာလည်း စစ်တပ်ရဲ့သြဇာ လွှမ်းမိုးနေဆဲဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ နုနယ်စအဆင့်မှာသာ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန်ပြော ဆိုပါတယ်။
Read more »
မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေး အနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရသည်။
Read more »
အပူရှိန်မြင့်မှုကြောင့် ကလေးငယ်များနှင့်အသက်ကြီးသူများ သတိထားရန်လို
နွေရာသီ စတင် ၀င်ရောက်နေတဲ့ ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတ၀န်း အပူရှိန်မြင့်တက်မှုကြောင့် ကလေးငယ်တွေ့နဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရတ် နေထိုင်မကောင်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သတိထားကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက နှိုးဆော်လိုက်ပါတယ်။
Read more »
ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီကို တရားစွဲမည်
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း ဈေးသစ်နှင့် ကပ်လျက် အနော်ရထာ လမ်းကို ဈေးဧရိယာ အတွင်းသို့ ထည့်သွင်းထားမှုကို ပယ်ဖျက်ပြီး အဆိုပါ လမ်းမြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အအုံ များကို ဖယ်ရှားခြင်း မပြုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အဆိုပါ ဈေးကို ဆောက်လုပ်သော အောင်ကောင်းကျော် ကုမ္ပဏီတို့ကို ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောကြားသည်။
Read more »
အခွန် မဆောင်ရသေးသည့် ကုမ္ပဏီများစာရင်း ယခု သီတင်းပတ် အပြီးထုတ်ပြန်မည်
မှားယွင်း ထုတ်ပြန်ခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် အခွန် မဆောင်ရသေးသော ကုမ္ပဏီများ စာရင်းကို ယခု သီတင်းပတ် အတွင်း အပြီး ပြန်လည် ထုတ်ပြန်မည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
Read more »
တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို ဆက်တိုက်တွေ့ဆုံ
ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
Read more »
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက်
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။
Read more »
ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင့်မပြု
နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အထက်တန်းကျောင်းများအနက် စကပ်တိုနှင့် ဘောင်းဘီယူနီဖောင်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ဝတ်ဆင်ခွင့် မပြုကြောင်း အခြေခံပညာရေး တာဝန်ရှိသူများ ထံမှ သိရသည်။
Read more »
ရှရီယာ ဥပဒေကို အမျိုးသမီးများ အ၀တ်ဗလာဖြင့်ဆန္ဒပြ
နိုင်ငံတကာအမျိုးသမီးများနေ့ မှာ ပြင်သစ်က လုဗ်အနုပညာပြတိုက်ရှေ့ မှာ အာရပ်၊အီရန်အမျိုးသမီးတွေ ဟာ သမားရိုးကျမဟုတ်ဆန္ဒပြနည်းနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။ သူတို့ ဟာလွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အစိုးရအုပ်ချုပ်မှုကို ဘာသာရေးနဲ့ ခွဲခြားဖို့ အတွက် အ၀တ်မပါ ကိုယ် လုံးတီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
"ကျမတို့ ဟာ အီဂျစ်၊အီရန်နိုင်ငံကဖြစ်ပြီး အစ္စလာမ်ရှရီယားဥပဒေကိုဆန့် ကျင်ပါတယ်။ လိင်ခွဲခြား ဆက်ဆံတာ၊ ကျောက်တုံးနဲ့ ပစ်ပေါက်သတ်တာ၊ မျက်နှာမှာ ပုဝါအုပ် ရတာတွေကိုဆန့် ကျင် ပါတယ်။"
Read more »
Facebook ပေါ်မှာ သေနတ်နဲ့ ဓာတ်ပုံရိုက်ပြီးတင်သူ ဘဏ်ဓားပြ ဖမ်းဆီးခံလိုက်ရ
အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ် မှာ ဖြစ်ပွား ခဲ့တဲ့ ဓားပြ တိုက်မှု တွေမှာ တရားခံ အဖြစ် ယူဆထား သူကို အက်ဖ်ဘီအိုင် က Facebook ကနေ ခြေရာခံ မိပြီး တဲ့နောက် ဖမ်းဆီး နိုင်ခဲ့ ကြောင်း သိရ ပါတယ်။
Read more »
14.3.2014 to 20.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ပျော်ရွှင်စရာ ကောင်းသော ကာလဖြစ်ပါသည်။ လိုချင်တာတွေလည်းရမည်။ စာမေးပွဲလည်း ဖြေနိုင် မည်။ ငွေကြေးလည်း ဝင်မည်။ အလုပ်ကိစ္စ တွေ အဆင်ပြေမည်။ လစာ (သို့) ရာထူးတက်မည်။ ချစ်တဲ့သူထံမှ ချစ်စကား လှလှလေး တွေကြားရပါလိမ့်မည်။ လက်ဆောင်လည်း ရအုံးမှာ ဖြစ်ပါတယ်။ ကဲ သင်ကံကောင်းပြီ စိတ်ချမ်းသာ လိုက်တော့။
အကျိုးပေးဂဏန်း
- ၁၊၅၊၄။
အထူးဟော - ကံကောင်းသော နေ့ရက် တွေဖြစ်နေပါလိမ့်မည်။
ယတြာ - လူကြီးမိဘကို ကန်တော့၍ ဆုတောင်းလိုက်ပါ။
Read more »
နယူးယောက်မြို့၊ မန်ဟတ်တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဦးသေ၊ ၇၀ ကျော်ဒဏ်ရာရ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အဦနှစ်လုံး ပြိုကျပျက်စီးကာ ၃ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာ ရရှိပြီး အချို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
Read more »
မင်္ဂလာဈေးအနီး တည်းခိုခန်းတွင် ဘိန်းဖြူ အကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦးသေဆုံး
ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဘိန်းဖြူအကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦး သေဆုံးနေမှု တစ်ခုကို မတ်လ ၁၁ ရက်တွင် မြို့နယ်ရဲခစန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
က ဖေဖော်ဝါရီ ၁၂ တွင် သတင်းထုတ်ပြန်သည်။
ယင်းနေ့ နံနက် ၁၁ နာရီက သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦး သေဆုံးသည်ဟု သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။
Read more »
အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည်
အခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေသစ် ၂ ရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ သမ္မတ လက်မှတ်ရေးထိုးပြီးချိန်မှာ ဥပဒေတွေအဖြစ် အသက်ဝင်လာမယ့် အခွန်ဥပဒေသစ်အရ အခွန်ဆောင်ရတာ ပိုပြီး သက်သာမယ့် အခြေအနေမှာ ရှိပေမဲ့ လူတိုင်း အခွန်ဆောင်တဲ့ အနေအထား ဖြစ်လာဖို့ကတော့ အခွန်စည်းကြပ်သူတွေ ထိထိရောက်ရောက်
Read more »
ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေ တာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇ ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က ရိုက်ယူ ခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပုံတွေထဲမှာ ပင်လယ်ပြင်ထဲ မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္တု ၃ ခု ပါဝင်ပြီး မလေးရှားနဲ့ ကမ္ဘောဒီးယား
Read more »
ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ
လူပေါင်း ၂၃၉ ယောက်ပါ ပျောက်ဆုံးနေတဲ့ မလေးရှားခရီးသည်တင် လေယာဉ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက အမျိုးမျိုး ပြောဆိုနေတယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာ မလေးရှား အစိုးရတာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ အခုဆိုရင် ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေနေတာ ၅ ရက်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
မလေးရှားအစိုးရဟာ တခါမှ မကြုံခဲ့ရဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းနေရတာဖြစ်တယ်လို့
Read more »
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်
ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကေ
ျာင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြား သည်။
Read more »
သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု
ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
Read more »
SSA/SSPP နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေဟာ မတ်လ ၁၁ ရက်နေ့ မနေ့က မနက်ပိုင်းက SSPP ၀မ်ဟိုင်းဌာနချူပ် အနီးမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်အတွင်းက SSPP ၀မ်ဟိုင်းဌာနချူပ်ကို လုံခြုံရေးယူထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရဘက်က ခြေမြန်တပ်ရင်း ၂၄၇ ကတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်
Read more »
အားကစားသတင်း အတိုအစများ-၁၁
မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်နေရချိန်၌ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းပေါ်တွင် ရှိနေသည်ကို မြင်ရခြင်းမှာ ရင်နာစရာဟု မန်ယူတိုက်စစ်မှူး ရွန်နီက ပြော သည်။
ဦးနှောက်ခွဲစိတ်ကုသမှု ခံယူရမည့် ၁၀လသား အရွယ် ကလေးငယ်အတွက် ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုက ကုန်ကျစရိတ် ယူရို ၆၀၀၀၀ ပေးလှူခဲ့သည်ဟု စပိန်အခြေစိုက် အေအက်စ် သတင်းစာက ဖော်ပြသွားသည်။
Read more »
မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင
်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေးအနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရသည်။
Read more »
ပဒိုင်းအရွက်ကို အသုပ်ပြုလုပ် စားသောက်သည့် အမျိုးသမီး (၂)ဦး သေဆုံး
ဆုပ်လျှင်ဆူး ၊ ရှုလျှင်မူး ၊ စားလျှင်ရှုး ဆိုသော စကားအတိုင်း အမျိုးသမီး နှစ်ဦး ပဒိုင်းအရွက် သုတ်ဖြင့် ထမင်းစား ရာမှ သေဆုံးခဲ့မှု ဖြစ်စဉ်ကို ယမန်နေ့ နံနက် ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Read more »
မီတာခပိုကောက်မှု ဆန္ဒပြပွဲ ခေါင်းဆောင် ၄ ဦး တရားစွဲခံရ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာအုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက် ပါတယ်။
Read more »
အင်းလေးကန်သည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါရှားပါးသစ်ဆွေးမြေ အများဆုံးရှိရာဒေသဖြစ်
အင်းလေးကန်အတွင်း စက်လှေဖြင့်သွားနေသူတစ်ဦးဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေးကန် ထိန်းသိမ်းရေး ဒေသသည် အရှေ့တောင်အာရှတွင် ထုံးဓာတ် ပါသော ရှားပါးသစ်ဆွေးမြေ ဧရိယာ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း အဖွဲ့က သတင်း ထုတ်ပြန် သည်။
Read more »
အမျိုးစောင့်ဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ထပ်မံပေးပို့မည်
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်း ချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်၊
Read more »
စိတ်မနှံ့သူ တစ်ဦးအား ကျေးရွာ ကာလသားအဖွဲ့မှ ဝိုင်းရိုက်နှက်၍ သေဆုံး
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ၊ ကျောင်းယ ကျေးရွာ တွင် ယမန်နေ့ ည ၁ဝ နာရီက စိတ်မနှံသူ တစ်ဦးအား ကျေးရွာ ကာလသား များက ဝိုင်းရိုက်နှက် သဖြင့် သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Read more »
ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇ ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း တရုတ် အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Read more »
မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ
မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။
Read more »
ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
Read more »
ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်
၂၀၁၃ခုနှစ် သင်္ကြန်ပွဲတော်တွင် တွေ့ရသည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ဖျော်ဖြေမှု
ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။
Read more »
လေယာဉ်ပျောက်ဆုံးမှု ရှာဖွေရေးလုပ်ငန်းများတွင် သတင်းအချက်အလက် ကွဲလွဲမှုများအတွက် မလေးရှားတို့ ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်နေရ
ပျောက်ဆုံးမလေးရှားလေယာဉ်ကို အင်ဒိုနီးရှားစစ်တပ်က ရှာဖွေရေးပြုလုပ်နေသည့် လမ်းကြောင်းကို ကြည့်ရှုနေသော အင်ဒိုနီးရှား လေတပ်အဖွဲ့ဝင်တစ်ဦးကို မတ် ၁၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)
လူ ၂၃၉ ဦးလိုက်ပါခဲ့သောလေယာဉ် ပျောက်ဆုံးနေသည်ကို ရှာဖွေမှုတွင် သတင်းအချက်အလက် ကွဲပြားမှု များ အတွက် မတ် ၁၂ ရက်တွင် မလေးရှားကို ပြင်းထန်သော ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။
Read more »
နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်
ရွှေဂေါင်းပြောင်ဇာတ်လမ်းတွဲ ပိုစတာကိုတွေ့ရစဉ်
မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်း ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။
Read more »
ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် FDA၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် UNA တို့နှင့် NCCT အဖွဲ့တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး
ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) နှင့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များသည် မတ် ၁၂ ရက်က ရန်ကုန်မြို့၌ သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Read more »
နန်းခင်ဇေယျာ၏ မွေးနေ့ညစာစားပွဲအား ပရိသတ် ၁၀ ဦး ရွေးချယ်ကာ ကျင်းပ
သရုပ်ဆောင်နန်းခင်ဇေယျာ၏ မွေးနေ့ ညစာစားပွဲအား မတ် ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ပရိသတ် ၁၀ ဦးကို ရွေးချယ်ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read more »
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်များကို တွေ့ရစဉ်
(ဓာတ်ပုံ-ဝေလင်းအောင်)
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု (၁) လမ်းအတွင်းရှိနေအိမ်များ မတ် ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Read more »
ပျောက်ဆုံးလေယာဉ်ရဲ့ လေကြောင်းအမှတ်စဉ် ကို မလေးရှားအဲလိုင်း အနားပေး..
ပျာက်ဆုံးနေဆဲ မလေးရှားအဲလိုင်းပိုင် လေယာဉ်ရဲ့ လေကြောင်းခရီးစဉ် အမှတ် MH370 နဲ့ MH371 ကို အနားပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Boeing777 လေယာဉ် ရဲ့ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် ရဲ့ ကုတ်နံပါတ် ဟာ MH370 ဖြစ်ပြီး အပြန်ခရီးစဉ်ဖြစ်တဲ့ ဘေဂျင်း-ကွာလာလမ်ပူ ရဲ့ ကုတ်နံပါတ်က MH371 ဖြစ်ပါတယ်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)