လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေ အသီးသီး တိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ် သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ် လာကြောင်း နိုင်ငံတော်သမ္မတ ထံမှ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော်ကိုယ်စား လှယ် များနှင့်နိုင်ငံ့ ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက် လက်ဆောင် ရွက် သွား မည် ဟု ယနေ့ပြောကြားသည်။