ဦးအံ့မောင်နှင့် ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးအကြံ ပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ရှင်းလင်း ခဲ့သော ဦးအံ့မောင်သည် သမ္မတ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ က ငြင်းဆိုထားခြင်း အပေါ် အထူး ရှင်းလင်းရန်မရှိကြောင်း သာသ နာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ် သက်လို့ ကျွန်တော်တို့ဘက်က တော့ အထူးတလည်ပြန်ရှင်းလင်း ဖို့မရှိပါဘူး။ သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာ ထူးက သာသနာရေးဝန်ကြီးဌာန က ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။