
ရွက်ကျပင်ပေါက်တွေဟာ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေသော အပင်မျိုးဖြစ်ပြီး၊ စိုစွတ်တဲ့ေ နရာများမှာ အလေ့ကျပေါက် ရောက်လေ့ရှိပါ တယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက် ရှည်နှင့် အရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ်မူတည်ပြီး အရသာပြောင်းလဲ သွားလေ့ရှိပါတယ်။ နံက်ပိုင်းမှ နေ့ မွန်းတည့်ချိန်အထိ “ချို” သောအရသာရှိပြီး၊ မွန်းလွဲ ပိုင်းမှ ညနေအထိ “ချဉ်” သောအရသာဖြစ်ပါတယ်။ အချိန်ကာ လပေါ်မူတည်၍ အရသာပြောင်းလဲသွားလေ့ရှိသော်လည်း၊ ဆေး ဖက်ဝင်အာနိသင်ကတော့ အတူတူပါဘဲ။