Friday, July 12, 2013
"ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း #Soulik
ဝင်ရောက် တိုက်ခတ်ဖွယ်ရှိ သဖြင့် ပြင်ဆင် မှုများ ဆောင်ရွက် လျက်ရှိသည်။
Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်နိုင်
စာအုပ်များရေးခြင်း၊ ပေးစာများရေးခြင်း စသဖြင့် ဦးနှောက်များကို အလုပ်ပေးခြင်းသည် အသက်ကြီးရင့် ချိန်တွင် ဦးနှောက်ကိုထိခိုက်မှု ကာကွယ်ရာ၌ အထောက်အကူပြုကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ တစ်သက်တာစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများက မှတ်မိဥာဏ်ကျဆင်းခြင်း ကို နှေးကွေးစေနိုင်
မူကြိုကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက် (၄) မြို့သစ်ရပ်တွင် ဇူလိုင်လ ၇
ရက်နေ့ ညနေပိုင်း အချိန်က အသက် လေးနှစ်အရွယ် မူကြိုကလေးငယ်တစ်ဦးကို
အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ် ပွားခဲ့ ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ
သိရသည်။
၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ၊ ထွက်ပြေးကာတပ်ထဲဝင်သော တရားခံကို ရဲကလိုက်သောအခါ ညီကို တပ်ထဲ လူစားထည့်ပေးကာ တဖန်ထွက်ပြေး ဟု ဆို
![Photo: ၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ၊ ထွက်ပြေးကာတပ်ထဲဝင်သော တရားခံကို ရဲကလိုက်သောအခါ ညီကို တပ်ထဲ လူစားထည့်ပေးကာ တဖန်ထွက်ပြေး ဟု ဆို
စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေဆုံးသွားသည့်အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။
တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ်သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။
မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော်လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကြီး ၀င်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်လွန်နေ ခဲ့ပြီဖြစ်သော လှလှထွေးမှာ သေဆုံးသွားခဲ့သည်။
မောင်ဝင်းနိုင်သည် လက်တစ်ဖက်ဖြင့် လှလှထွေး၏ ပါးစပ်ကိုပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်ကာ မုဒိမ်းပြုကျင့်ခဲ့သည် မလှလှထွေးက မသေခင် မိခင်အားပြောပြခဲ့သည် ဟု ဆိုသည်။
သေဆုံးမှုမှာ သွေးထွက်လွန်ပြီးသေဆုံးရခြင်းဖြစ်ကြောင်းကို လှလှထွေး သေဆုံးစဉ်က တပ်တောင် ပြည်သူ့ရဲစခန်းမှူးကိုယ်တိုင် မှတ်ချက်ယူကာ တရားခံမောင်ဝင်းနိုင်ကို ဖမ်းဆီးပေးမည် ဟု ပြောခဲ့သည် ဟု ဆိုသည်။
ထိုဖြစ်စဉ်ဖြစ်ပြီးသောအခါ မောင်ဝင်းနိုင်၏ မိဘများက ဇနီးမယားများကို ခေါ်ယူကာ (အခြားရွာတစ်ရွာ ဖြစ်သော) တန်းတင်ရွာ သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။
မောင်ဝင်းနိုင်ကိုယ်တိုင်လည်း တန်းတင်ရွာတွင် ဖမ်းဆီးအရေးယူခံရခြင်း ဘာမှမရှိဘဲ ခပ်တည်တည်ပင် နေထိုင်သွားခဲ့သေးသည် ဟု ဆိုသည်။
ထို့နောက် မောင်ဝင်းနိုင်အား ၄င်း၏ဖခင်ဖြစ်သူက (၇၅၇) တပ်ရင်းသို့ခေါ်သွားကာ တပ်ထဲသွင်းပေးခဲ့သည် ဟု ဆိုသည်။
မောင်ဝင်းနိုင်ရှိရာ (၇၅၇) တပ်ရင်းသို့ ရဲများလိုက်လာစုံစမ်းသောအခါ တပ်ရင်းက မောင်ဝင်းနိုင်အစား တပ်သားသစ်တစ်ယောက်ပေးရမည်ဟု ၄င်း၏မိသားစုထံတောင်းဆိုသဖြင့် ဖခင်ဖြစ်သူက မောင်ဝင်းနိုင် ကိုယ်စား မောင်ဝင်းနိုင်၏ ညီဖြစ်သူကို အစားထိုးထည့်ပေးသော အခါ၊ မောင်ဝင်းနိုင်အား တပ်က လွှတ်ပေးလိုက်သည် ဟု ဆိုသည်။
အခင်းဖြစ်ပြီး သုံးလကျော်သွားပြီဖြစ်သော်လည်း မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ကျူးလွန်ခံရပြီး သေဆုံးသူ မလှလှထွေး၏ မိခင်က “တရားခံဖြစ်သူ မောင် ၀င်းနိုင် တန်းတင်ရွာတွင် ရှိစဉ်ကလည်း မြန်မာနိုင် ငံရဲတပ်ဖွဲ့က ဂရုမစိုက်ကြပါ။
ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ဂရုမစိုက်ပါ။ ကျွန်မတို့ ကျေးလက်ပြည်သူတွေအပေါ် တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ဒုက္ခများစွာ တွေ့နေရပါသဖြင့် - - - ကူညီပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု ၄င်းရေးသား ပေးပို့သော တိုင်ကြားစာတစ်စောင် တွင် ရေးသားထားသည်။
( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )
ဓါတ်ပုံ - သွားလေသူ မလှလှထွေး
Posted From Coral Arakan News](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/p480x480/999054_526595580723706_1458307371_n.jpg)
ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ်
အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ် အရွယ် မိန်းကလေးတစ်ဦးကို
မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေ ဆုံးသွားသည့် အတွက်
ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံမောင်ဝင်းနိုင်အား ယနေ့ထက်ထိ
ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းသိရသည်။
ဗုဒ္ဓဂယာ၌ လုံခြုံရေး တိုးမြှင့်ထားပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မြန်မာအပါအ၀င် ခရီးသွားများ ၀င်ရောက်မှု လျော့ကျခြင်းမရှိ
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည်
မြန်မာအပါအ၀င် ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုအပေါ် သက်ရောက်မှု မရှိဘဲ
လတ်တလောတွင် လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း အိန္ဒိယနိုင်ငံ The Times
of India က ထုတ်ပြန်ခဲ့သည်။
မွတ်စလင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ဘန်ကီမွန်းကို OIC တောင်းဆို

အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား နိုင်ငံသား ဖြစ်ခွင့်ပေးရန် ဘန်ကီမွန်း ပြောကြား
ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓ ဘာသာဝင်များက လူနည်းစုမွတ်စလင်များအား
အကြမ်းဖက် နေမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက
ဗုဒ္ဓဟူးတွင် ပြောကြားသည်။
Subscribe to:
Posts (Atom)